Part-5(Unicode)

3.6K 230 17
                                    

ဒီနေ့ဟိုကလေးမကျောင်းတက်ရမှာမို့ကလေးမကိုကျောင်းပို့ဖို့ရောကျွန်မလည်းကုမ္ပဏီသွားရမှာမို့အညိုရောင်ရင်ဖုံးခါးတိုနဲ့ချိတ်ထဘီကိုဝတ်လိုက်ပြီးဆံထုံးကိုသေချာစွာထုံးလိုက်သည်ပြင်ဆင်ပြီးတော့မက်မွန်သီးရနံ့ရေမွှေးအနည်းငယ်စွတ်ကာမှန်ရှေ့မှာသေချာရပ်ကြည့်လိုက်ပြီးအဆင်ပြေပြီမို့လက်ကိုင်အိတ်ယူကာအခန်းကထွက်လာလိုက်သည်..အခန်းရှေ့ရောက်တော့ကလေးမအခန်းကတံခါးပွင့်နေတာမို့ကြည့်လိုက်တော့ကလေးမကရှိမနေပေအ့ဲဒါနဲ့အောက်ထပ်ကိုဆင်းလာခ့ဲလိုက်သည်..

"ကြီးကြီး..ဟိုကလေးမရော.."
"ခြံထဲမှာလေ.."
"ခြံထဲမှာလား..ဘာလုပ်နေတာလဲ.."
"သမီးထားကိုယ်တိုင်သွားကြည့်လိုက်ဦး.."

ကျွန်မလက်ကိုင်အိတ်ကိုစားပွဲပေါ်တင်လိုက်ပြီးအိမ်ရှေ့ထွက်လာကာခြံထဲကိုလှမ်းကြည့်လိုက်တော့စိုက်ထားတ့ဲပန်းပင်တွေရှေ့မှာထိုင်ငိုနေတ့ဲကလေးမ..

"ကွန့်မြူ းခြယ်!.."

ကွန့်မြူ းနာမည်ခေါ်သံကြားတာမို့လှည့်ကြည့်လိုက်တော့..

"အန်တီ.."

တစ်ကိုယ်စာကြားရုံလေးသာအသံထွက်လိုက်မိသည်..

"အ့ဲမှာမင်းဘာထိုင်လုပ်နေတာလဲ..ခုချက်ချင်းဒီကိုလာ.."

သူမအမိန့်ပေးလာသည်မို့ကွန့်မြူ းသူမအရှေ့သွားလိုက်ပြီး..

"အန်တီ..ကွန့်မြူ းစိုက်ထားတ့ဲပန်းတွေကိုမနုတ်ပါနဲ့လား.."
"တို့ကနုတ်မယ်ဆိုရင်ရော.."
"ဒါဆိုကွန့်မြူ းထပ်ဝယ်ပြီးစိုက်မှာ.."
"မင်းတို့ကိုမနက်စောစောစီးစီးစိတ်တိုအောင်လုပ်နေတာလား.."
"မဟုတ်ပါဘူး.."

ကျွန်မအ့ဲလိုမေးလိုက်တော့ခေါင်းငုံချ ပြီးမျက်ရည်လေးတွေသုတ်လာသည်..ပြီးတော့ပြန်မော့ကြည့်လာတာမို့..

"မင်းကလေအတော်ခေါင်းမာတ့ဲကလေးဘဲ.."
"ဒါကြောင့်မို့မနုတ်ပါနဲ့နော်.."
"ခုချက်ချင်းအိမ်ထဲဝင်..အဝတ်အစားသွားလဲတော့ကျောင်းသွားရတော့မယ်.."
"အန်တီကပန်းပင်တွေကိုနုတ်မယ်ဆိုရင်ကွန့်မြူ းကျောင်းမသွားဘူး.."
"ကွန့်မြူ းခြယ်!.."
"ဟင့်..ဟင့်.."

အန္တီ့အလိုေတာ္က်Where stories live. Discover now