Part-6(Unicode)

3.7K 236 6
                                    

ကွန့်မြူ းမနေ့ညကအိပ်မပျော်တော့အိပ်ချိန်နောက်ကျတာမို့ဒီမနက်ထတာလည်းနောက်ကျခ့ဲသည်ဒါကြောင့်နိုးတာနဲ့ကျောင်းသွားဖို့အတွက်မြန်မြန်ပြင်ဆင်ပြီးလွယ်အိတ်လွယ်ကာအောက်ထပ်ကိုဆင်းလာခ့ဲသည်အောက်ထပ်ကိုလှေကားအတိုင်းခပ်သွက်သွက်လေးဆင်းလာရင်းအကြည့်တွေကဧည့်ခန်းမှာခြေချိတ်ထိုင်ကာဖုန်းသုံးနေတ့ဲအမျိုးသမီးဆီရောက်သွားတော့အရှိန်လျှော့လိုက်ပြီးသေချာရပ်ကြည့်နေမိသည်..အရမ်းလှတ့ဲအမျိုးသမီးဘဲရုပ်ရည်ကလည်းလူငယ်တွေထက်နုပြီးအပြစ်ပြောစရာမရှိအောင်လှတယ်ခန္ဓာကိုယ်အချိုးအစားတွေကလည်းဝတ်လိုက်တ့ဲဝတ်စုံတွေနဲ့လိုက်ဖက်သည်အရမ်းနူးညံတ့ဲမိန်းမသားလို့ထင်ရပေမ့ဲတကယ်တမ်းကျ ကွန့်မြူ းအပေါ်တော့အမိန့်တွေပေးပြီးရက်စက်တ့ဲအမျိုးသမီး..

"အ့ဲမှာဘာရပ်လုပ်နေတာလဲ.."

အန်တီ့အသံကြောင့်လန့်သွားကာအတွေးတွေရပ်ပြီးဧည့်ခန်းထဲဝင်ကာအန်တီ့အရှေ့ကဆိုဖာမှာဝင်ထိုင်လိုက်ပြီး..

"အန်တီ့ကိုကွန့်မြူ းပြောစရာရှိလို့.."
"အင်း..ပြော"

အန်တီကဖုန်းကိုအိတ်ထဲပြန်ထည့်ပြီးကွန့်မြူ းကိုသေချာကြည့်လာသည်..

"မနက်ဖြန်​ကျောင်းပိတ်တာမို့ကွန့်မြူ းအိမ်ခဏပြန်ချင်တယ်.."
"မပြန်ရဘူး.."
"ကျောင်းပိတ်တာဘဲကို.."
"တို့မပြန်နဲ့ဆိုမပြန်နဲ့လေ.."
"ကွန့်မြူ းမိဘတွေနဲ့ခဏတွေ့ပြီးရင်ယူစရာရှိတာယူပြီးရင်ပြန်လာမယ်လေ.."
"မရဘူး..မနက်ဖြန်ဘယ်မှမသွားနဲ့မင်းအိမ်မှာဘဲနေ.."

ကျောင်းပိတ်တာတောင်အိမ်မပြန်ရတာမို့ဝမ်းနည်းမိသွားသည်ဒါပေမ့ဲဘာမှမဖြစ်သလိုနဲ့မတ်တပ်ထရပ်လိုက်တော့..

"တို့ပြောတာကြားလား.."
"ကြားတယ်.."
"ဒါဆိုဘာမှပြန်မပြောဘဲမတ်တပ်ထရပ်တာလဲ..မလေးမစားလုပ်တာလား.."
"ကွန့်မြူ းဘာမှပြန်ပြောစရာမရှိတော့လို့ထရပ်လိုက်တာလေ.."
"မနက်စာမစားဘူးလား.."
"မစားတော့ဘူး..ကျောင်းသွားတော့မလို့.."

ကွန့်မြူ းပြောပြီးပြီးချင်းအန်တီ့ကိုမစောင့်ဘဲကားပေါ်တက်ကာအနောက်ခန်းမှာဝင်ထိုင်လိုက်သည်..ခဏနေတော့အန်တီကားပေါ်တက်လာသည်မို့မျက်နှာလွှဲလိုက်သည်တစ်လမ်းလုံးလည်းဘာစကားမှမပြောဘဲမျက်စိမှိတ်လာခ့ဲလိုက်သည်..

အန္တီ့အလိုေတာ္က်Onde histórias criam vida. Descubra agora