မြန်မာနိုင်ငံရဲ့ဆောင်းရာသီကအေးစိမ့်နေတာမျိုးမဟုတ်ဘဲပူလွန်းနေတာကြောင့်ကွန့်မြူ းအိမ်ရှေ့ကခုံမှာယက်တောင်လေးခတ်ရင်းထွက်ထိုင်နေမိသည်..ကွန့်မြူ းတို့အိမ်ကအရမ်းကြီးလွန်းနေတာမျိုးမဟုတ်ပေမ့ဲကွန့်မြူ းတို့မိသားစုသုံးယောက်နေဖို့လောက်တော့အတော်လေးအဆင်ပြေနေပြီဖြစ်သည်..ကွန့်မြူ းတို့အိမ်ကခြေတံရှည်သစ်အိမ်လေးဖြစ်ပြီးခြံနည်းနည်းကျယ်တာမို့အမေကအိမ်နောက်တွင်သီးပင်များစိုက်ကာပြန်ရောင်းသည်အဖေကတော့ကားတက္ကစီဆွဲရင်းအဆင်ပြေတ့ဲအလုပ်တွေလည်းဝင်လုပ်သည်ကွန့်မြူ းကကျောင်းသူမို့အဖေနဲ့အမေကဘာမှမခိုင်းပေကွန့်မြူ းက၉တန်းကျောင်းအပ်ပြီးပြီမို့နောက်တစ်ပတ်လောက်ဆိုကျောင်းတက်ရပေတော့မည်ဖြစ်သည်..ကွန့်မြူ းတို့ကတော်ရုံလောက်အခြေအနေသာရှိသည်မို့ကိုယ်ပိုင်ကျောင်းတွေမှာမတက်နိုင်တာမို့အိမ်နဲ့သိပ်မဝေးတ့ဲအထက်တန်းကျောင်းမှာသာတက်ရသည်ဒါပေမ့ဲကွန့်မြူ းရဲ့ဘဝအခြေအနေကိုနားလည်ပြီးအဖေနဲ့အမေကိုသနားတာမို့စာကိုအများကြီးကြိုးစားခ့ဲသည်..
"သမီးရေ.."
အဖေ့ခေါ်သံကြောင့်အတွေးတွေကိုရပ်ကာ..
"ရှင့်..အဖေ..ကွန့်မြူ းလာပြီ.."
ကွန့်မြူ းလည်းအိမ်အောက်ဆင်းလာကာအဖေ့ဆီသွားလိုက်ပြီး..
"အဖေပြန်လာပြီလား..ပင်ပန်းနေပြီလားဟင်.."
"မပင်ပန်းပါဘူး..ဒီမှာအဖေ့သမီးအတွက်ခေါက်ဆွဲကြော်ဝယ်လာပေးတယ်.."
"ဟာ..သမီးအရမ်းကြိုက်တာ.."
"အ့ဲဒါကြောင့်ဝယ်လာပေးတာ..ဒါနဲ့သမီးအမေရော.."
"အိမ်နောက်မှာ.."
"သွားခေါ်လိုက်လေ..ထမင်းစားမယ်လို့.."
"ဟုတ်က့ဲ.."ကွန့်မြူ းအိမ်နောက်ဘက်လာလိုက်ကာအမေ့ကိုလာခေါ်လိုက်သည်..
"အမေ..အဖေရောက်လာပြီ..ထမင်းစားမယ်တ့ဲ.."
"ဟုတ်ပြီ..အမေလာပြီ.."
"လာ..ကွန့်မြူ းဝိုင်းဆွဲပေးမယ်.."
"လိမ်မာလိုက်တာ..ရော့.."အမေကအ့ဲလိုပြောတော့သွားလေးတွေပေါ်သည်အထိရယ်ပြရင်းအမေနဲ့အိမ်ထဲလာလိုက်သည်..
"အစ်ကို..အဆင်ပြေရဲ့လား.."
"ပြေပါတယ်..မြရယ်..လာထမင်းစားရအောင်.."
KAMU SEDANG MEMBACA
အန်တီ့အလိုတော်ကျ
Romansaကွန့်မြူးကအန်တီ့အလိုတော်ကျလိုက်ရမဲ့အရုပ်သာသာဘဲလား..အန်တီ Unicode ကွန့်မြူ းကအန်တီ့အလိုတော်ကျလိုက်ရမ့ဲအရုပ်သာသာဘဲလား..အန်တီ