Part-14(Unicode)

2.8K 179 20
                                    

ညက ကလေးမကိုစိတ်ပူနေတာနဲ့အိပ်ချိန်နောက်ကျခ့ဲသည်မို့ဒီမနက်နိုးတာနဲ့မြန်မြန်လေးပြင်ဆင်လိုက်သည်ကလေးမဆီလိုက်သွားရမှာမို့ကလေးမနဲ့တွေ့ရင်ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာလည်းစဉ်းစားနေမိသည်ကလေးမအဆင်မှပြေပါ့မလားခုချိန်ကလေးမဘေးမှာဘယ်သူများရှိပေးနေမလဲကလေးမဘေးမှာရှိတ့ဲသူကကျွန်မ မဟုတ်လို့လည်းစိတ်မကောင်းဖြစ်ရပြန်သည်ဆက်တွေးရင်ဝမ်းနည်းရတာမို့အတွေးတွေရပ်ကာအောက်ထပ်ကိုဆင်းလာခ့ဲလိုက်သည်..

"ကြီးကြီးရေ..ပြင်လို့ပြီးပြီလား.."
"အင်း..ပြီးပြီ.."
"ဒါဆိုသွားကြရအောင်လေ.."

ကလေးမဆီကိုကြီးကြီးနဲ့တူတူသွားဖို့ပြင်ထားတာမို့အသင့်ရပ်ထားတ့ဲကားပေါ်တက်ကာထွက်လာလိုက်သည်..

လမ်းတစ်လျှောက်လုံးလည်းကလေးမဆီစိတ်ရောက်နေပြီးအတွေးတွေလည်းများနေခ့ဲသည်ကလေးမကခုချိန်ဆိုပွေ့ဖက်ပေးတ့ဲသူအရမ်းလိုအပ်နေမှာဘဲတို့ကြောင့်နဲ့ရောခုကိစ္စတွေရောကမင်းကိုအရမ်းပင်ပန်းစေမယ်ဆိုတာတို့သိနေတယ်တို့လေမင်းကိုစောင့်ရှောက်ပေးချင်တယ်တို့ရင်ခွင်ထဲဘဲခိုလှုံစေချင်တယ်ကွယ်..

"သမီးထား.."
"ဟင်..ဘာဖြစ်လို့လဲ.."
"ကွန့်မြူ းလေးအတွက်စိတ်မကောင်းဖြစ်နေတာလား.."

ကျွန်မအလှဆုံးပြုံးပြလိုက်ပြီး..

"ကလေးမအတွက်စိတ်မကောင်းတာထက်ပိုပြီးကိုယ်ချင်းစာတာပါ.."
"သူ့ကိုညင်သာစွာပြန်ဆက်ဆံပေးစေချင်တယ်ကွယ်..ဘာကိစ္စမှမသိနေတ့ဲသူမအတွက်လည်းစိတ်မကောင်းဖြစ်ရတယ်လေ.."
"ထားအ့ဲကိစ္စတွေရှင်းနိုင်အောင်ကြိုးစားပါ့မယ်..ခုချိန်တော့ကလေးမကိုပိုစိတ်ပူလာသင့်ပြီထင်တယ်.."
"အင်း..သမီးထားဖြေရှင်းနိုင်မယ်လို့ကြီးကြီးယုံပါတယ်ကွယ်.."
"ဟုတ်က့ဲ.."

ထားလည်းအမြန်ဆုံးကလေးမနဲ့အဆင်ပြေချင်နေပါပြီကြီးကြီးရယ်..ထားလေကလေးမကိုအများကြီးချစ်ကြောင်းတွေပြောပြီးတော့ကလေးမနဲ့နီးနီးကပ်ကပ်လေးနေချင်နေခ့ဲတာ..ခုချိန်မှာဖြစ်ချင်တ့ဲဆန္ဒထက်ဖြစ်သင့်တ့ဲဆန္ဒကိုဦးစားပေးသင့်တယ်မဟုတ်လား..ဒါကြောင့်ဘယ်လောက်ကြာကြာကလေးမနဲ့နီးဖို့ဆို ထား ကြိုးစားမှာပါ..တစ်ခုပါဘဲထွက်သွားတာတွေတော့မလုပ်စေချင်ဘူး..

အန္တီ့အလိုေတာ္က်Where stories live. Discover now