Part-11(Unicode)

3.3K 198 8
                                    

ဆောင်းရာသီကအရင်ကလိုမဟုတ်တော့ဘဲမနက်ပိုင်းတွေဆိုအရမ်းအေးလာသည်ဒါပေမ့ဲခုတော့နွေးနွေးလေးဖြစ်နေသည်မို့မျက်စိဖွင့်ကာကြည့်လိုက်တော့ကလေးမကကျွန်မနဲ့မျက်နှာချင်းဆိုင်ဘက်လှည့်လျှက်ရင်ခွင်ထဲတိုးဝင်ကာတင်းကြပ်စွာဖက်ပြီးစောင်အထူကြီးထဲမှာကွေးကွေးလေးကျွန်မနဲ့အတူအိပ်နေသည်မို့ကျေနပ်စွာပြုံးလိုက်မိပြန်သည်ခုလိုပုံလေးကမသိရင်ချစ်သူတွေအတိုင်းဘဲအရမ်းကြည်နူးဖို့ကောင်းတယ်ချစ်သူတွေမဟုတ်ပေမ့ဲလည်းအခုလိုလေးတူတူအိပ်ပြီးမနက်မိုးလင်းလို့ကိုယ်ချစ်တ့ဲသူလေးရဲ့မျက်နှာကိုမြင်လိုက်ရတာကအေးပါတယ်ဆိုတ့ဲဆောင်းရာသီထက်ပိုအေးချမ်းသည်..ကျွန်မကလေးမရဲ့ခေါင်းလေးကိုအသာကိုင်လိုက်ပြီးရင်ခွင်ထဲထည့်ကာဖက်လိုက်မိတော့ရင်ခွင်ထဲပိုတိုးဝင်ပြီးဖက်တွယ်လာသည်..ကျွန်မအတော်ကြာအ့ဲလိုနေနေရင်းကလေးမကျောင်းတက်ဖို့ကိုသတိရမိသွားတော့စားပွဲပေါ်ကနာရီကိုလှမ်းကြည့်လိုက်ပြီး..

"ကလေးမ..ကလေးမ..ထတော့.."
"ဟင်း..အန်တီကလည်းအိပ်နေတာကို.."

ရင်ခွင်ထဲကနေမျက်လုံးမဖွင့်ဘဲပြောလာသည်မို့..

"တို့ကိုလွှတ်ဦး.."
"ခဏလေးပြန်အိပ်ပါရစေဦး..အန်တီ့ကိုဖက်အိပ်ရတာနွေးနေတာဘဲ.."
"မရဘူးနော်..ကျောင်းတက်ရမယ်လေ.."
"ကွန့်မြူ းခဏလေးဘဲပြန်ဖက်အိပ်ချင်လို့ပါ.."
"မရဘူး..တို့ကိုလွှတ်တော့.."

ကျွန်မအတင်းတွန်းဖယ်ပြီးထလိုက်တော့ကလေးမကဟိုဘက်လှည့်ပြီးစောင်ခြုံ ပြီးပြန်အိပ်နေပြန်သည်..

"ဟာ..ဒီကလေးမတော့..ထတော့လို့.."
"ခဏလေးဘဲအိပ်ချင်လို့ပါ..အန်တီရယ်.."
"ကွန့်မြူ းခြယ်..တို့စိတ်တိုလာပြီ.."

ကလေးမကချက်ချင်းထ ထိုင်ပြီးကျွန်မဘက်လှည့်လာတာနဲ့ကျွန်မကိုတွန်းလှဲလိုက်ကာအပေါ်ကအုပ်မိုးလိုက်တာမို့ကျွန်မလန့်သွားမိသည်..

"ဘာ..ဘာလုပ်တာလဲ..ဖယ်.."
"အန်တီအရမ်းဆူလွန်းတယ်..ကွန့်မြူ းစိတ်တိုလာပြီ​နော်.."
"မင်းကျောင်းတက်ရမှာမို့နှိုးတာလေ..ခုတော့ဖယ်ဦး.."
"မဖယ်ဘူး.."

ကလေးမကတစ်ဖြေးဖြေးမျက်နှာနားကပ်လာတာမို့မနက်ခင်းကြီးမှာလူကချွေးပြန်ရသည်..အတင်းရုန်းထတော့လည်းအပေါ်ကနေဖိထားသည်မို့ထလို့မရပေ..

အန္တီ့အလိုေတာ္က်Où les histoires vivent. Découvrez maintenant