Part-7(Unicode)

3.9K 240 14
                                    

ဒီနေ့အလုပ်ပိတ်ရက်မို့ကျွန်မနောက်ကျမှထသည်ကျွန်မနိုးလာလို့ဘေးနားကြည့်လိုက်တော့ကလေးမမရှိတော့တာမို့ထကာအခန်းလိုက်ကာတွေနဲ့တံခါးတွေဖွင့်ကာမနက်ခင်းလေကိုတစ်ချက်ရှူ ရှိုက်ပြီးအကြည့်တွေကခြံထဲကိုရောက်သွားတော့ပန်းပင်တွေကိုဂရုတစိုက်နဲ့အပင်ရေလောင်းနေတ့ဲကလေးမလေး..အိမ်မှာနေတာမို့ပေါင်တိုဘောင်းဘီနဲ့အကျႌဆိုဒ်ပွကိုဝတ်ထားတော့ခန္ဓာကိုယ်သေးသေးလေးကနစ်မြှုပ်နေသည်..ကျွန်မသူ့ကိုကြည့်နေရင်းပြုံးနေမိသည်အ့ဲကလေးမကလေကျွန်မကိုစိတ်တိုအောင်လုပ်နိုင်သလိုတစ်ခါတစ်လေလည်းပြုံးစေသည်..ကျွန်မကလေးမကိုကြည့်နေရင်းကလေးမကပြန်လှည့်ကြည့်လာသည်မို့ချက်ချင်းအကြည့်လွှဲကာရေချိုးခန်းဆီသွားလိုက်သည်..

ကွန့်မြူ းမနက်နိုးလာလို့ဘေးနားကအန်တီ့ကိုသေချာကြည့်လိုက်တော့အိပ်နေတာလေးကတကယ့်ကလေးအတိုင်းပဲအန်တီကဘယ်အချိန်ဖြစ်ဖြစ်ကြည့်လို့ကောင်းသည်အန်တီမနိုးခင်အိပ်ရာကထကာအခန်းထြဲပန်လာပြီးသန့်စင်ပြီးတော့အောက်ထပ်မှာမနက်စားပြီးတာနဲ့ပန်းပင်ရေလောင်းနေလိုက်သည်ပန်းပင်ရေလောင်းနေတုန်းတစ်ယောက်ယောက်ကြည့်နေတာကိုခံစားမိလို့လှည့်ကြည့်လိုက်​တော့အန်တီဖြစ်နေသည်ကွန့်မြူ းလှည့်ကြည့်တာနဲ့အကြည့်လွှဲကာအထဲပြန်ဝင်သွားသည်မို့ကွန့်မြူ းသဘောကျကာပြုံးလိုက်မိသည်..

ဒီနေ့အိမ်မှာဘဲနေတာမို့ချိတ်ဝတ်စုံကိုဝတ်ဆင်လိုက်ပြီးဆံပင်ကိုတော့မထုံးဘဲစည်းထားလိုက်ပြီးတော့အောက်ထပ်ကိုဆင်းလာခ့ဲလိုက်သည်..

"သမီးထား..နိုးပြီလား.."
"ဟုတ်က့ဲ.."

ကျွန်မစားပွဲမှာဝင်ထိုင်လိုက်ပြီးတော့မနက်စာစားလိုက်သည်..

"ကြီးကြီး..ဟိုကလေးမမနက်စာစားပြီးပြီလား.."
"စားပြီးပြီ..ခုတော့ခြံထဲမှာ.."
"အင်း.."

ကျွန်မဘာမှဆက်မပြောတော့ဘဲမနက်စာစားပြီးတာနဲ့အခန်းဆီလာပြီးစာအုပ်ယူလိုက်ကာကလေးမရှိတ့ဲခြံထဲကိုဆင်းလာခ့ဲသည်..

ကွန့်မြူ းပန်းရေလောင်းနေရင်းခြေသံကြားလို့လှည့်ကြည့်လိုက်တော့အန်တီဖြစ်နေပြန်သည်ဒီနေ့တော့အန်တီကချိတ်ဝမ်းဆက်ကိုခန္ဓာကိုယ်အချိုးအစားနဲ့လိုက်ဖက်စွာဝတ်ထားသည်ဆံပင်ကိုလည်းမထုံးထားဘဲစည်းပြီးချထားသည်မို့အမြင်ဆန်းစေပြန်သည်အန်တီကရင်ဖုံးခါးတိုဘဲဝတ်သည်မို့တစ်ခါတစ်လေဆိုဗိုက်သားဖြူ ဖြူ လေးတွေတောင်မြင်ရပြီးသဘောကျချင်စရာကောင်းသည်..

အန္တီ့အလိုေတာ္က်Where stories live. Discover now