Part-10(Unicode)

3.6K 214 11
                                    

ကျွန်မရုံးသွားဖို့ပြင်ဆင်ပြီးတော့ကလေးမအ
ခန်းဆီလာခ့ဲလိုက်သည်..

ဒေါက်..ဒေါက်

"ကလေးမရေ..ကလေးမ.."

​ကျွန်မတော်ကြာခေါ်နေပေမ့ဲပြန်ထူးသံမကြားတာမို့တံခါးဖွင့်ပြီးဝင်လိုက်တော့ကုတင်ပေါ်မှာစောင်လေးခြုံကာကွေးကွေးလေးအိပ်နေတ့ဲကလေးမလေး..ကျွန်မရဲ့လက်ကိုင်အိတ်ကိုစားပွဲပေါ်တင်လိုက်ပြီးကုတင်မှာတစ်စောင်းဝင်ထိုင်လိုက်ကာကလေးမရဲ့ဆံပင်လေးတွေအသာသပ်ပေးလိုက်ပြီးမျက်နှာလေးကိုပွတ်သပ်နေတုန်းလက်ကိုဖမ်းကိုင်ခံလိုက်ရပြီးဆွဲချခံလိုက်ရတာမို့လန့်သွားကာ..

"အမလေး.."
"အန်တီ..ဘာလုပ်နေတာလဲ.."
"တို့..တို့.."

ကလေးမကမျက်လုံးဖွင့်လာကာသေချာကြည့်လာတော့ကျွန်မဘာပြောရမှန်းတောင်မသိဘဲကလေးမမျက်နှာကိုသာအသေးစိတ်ကြည့်နေမိသည်..မနက်အိပ်ရာထတ့ဲအချိန်ကမိန်းကလေးတွေရဲ့အလှဆုံးအချိန်လို့ပြောတာက ကလေးမကိုရည်ရွယ်ထားလေသလား..လှလိုက်တ့ဲမျက်နှာလေးကြည့်လို့တောင်မဝဘူးရယ်..ဖြစ်နိုင်ရင်လေမင်းမျက်နှာလေးကိုတစ်စိမ့်စိမ့်ထိုင်ကြည့်ချင်နေတာကအာသီသပါကွယ်..

ကွန့်မြူ းမျက်နှာကိုသေချာကြည့်နေတ့ဲအန်တီကြောင့်လူတောင်စိတ်လှုပ်ရှားမိသည်အန်တီကကွန့်မြူ းအပေါ်တစ်ဖြေးဖြေးစိုးမိုးလာခ့ဲပြီကွန့်မြူ းအန်တီ့ကိုသဘောကျနေခ့ဲပြီထင်တယ်ဒါပေမ့ဲဖွင့်ပြောမှာမဟုတ်ဘူး..အန်တီ

"အန်တီ..ကွန့်မြူ းကိုကြည့်လို့ဝပြီလား.."
"ဟမ်..တို့..တို့မကြည့်ပါဘူး..လန့်သွားလို့ပါ.."

အန်တီကကွန့်မြူ းဆွဲထားတာကိုအတင်းရုန်းထနေတာမို့ပြန်ဆွဲလိုက်ပြီး..

"နေပါဦး..ခဏတုန်းကသေချာကြည့်နေပြီးတော့.."
"မကြည့်ဘူး..လွှတ်တော့.."
"ခဏလေး..သေချာကြည့်ပါရစေဦး"
"ဘာကိုလဲ.."
"အန်တီ့ကိုလေ.."

ကလေးမစကားကလူကိုရင်တလှပ်လှပ်ဖြစ်စေတာမို့မျက်နှာလည်းနီမြန်းလာမိသည်..

"တို့ကိုလွှတ်တော့..ကွန့်မြူ းခြယ်.."
"အန်တီလှလို့ကြည့်နေတာကို.."
"တို့ကိုမစနဲ့တော့.."
"ဟုတ်ပါပြီး.."

အန္တီ့အလိုေတာ္က်Where stories live. Discover now