အချိန်တွေတစ်ဖြေးဖြေးပြောင်းလဲလာရင်းကွန့်မြူ းလည်းစီးပွားရေးအကြောင်းကိုအာရုံစိုက်လေ့လာမှုကြောင့်အတော်လေးတိုးတက်လာခ့ဲသည်ကွန့်မြူ းရဲ့ပစ္စည်းတင်သွင်းမှုကနေဝင်ငွေအများကြီးရခ့ဲသလိုဖောက်သည်တွေလည်းများလာခ့ဲသည်ခုလိုအချိန်တိုအတွင်းအများကြီးအောင်မြင်လာမယ်လို့မထင်တာခ့ဲပေခုဆိုအန်ကယ်ဆီကယူထားတ့ဲပိုက်ဆံတွေကိုလည်းတစ်ဖြေးဖြေးဆပ်နိုင်လာခ့ဲသလိုငွေလည်းစုမိလာသည်..ဒီနေ့လည်းအိမ်မှာနေပြီးလက်တော့နဲ့ဘဲအလုပ်ရှုပ်နေမိသည်တစ်ခြားအရာတွေကိုအချိန်မပေးဖြစ်တော့ဘဲအလုပ်ကိုဘဲပိုပြီးအာရုံစိုက်ဖြစ်လာသည်..
"သမီးကွန့်မြူ း.."
ကွန့်မြူ းဧည့်ခန်းမှာထိုင်ပြီးလက်တော့နဲ့အလုပ်လုပ်နေတုန်းခေါ်သံကြားတာမို့လှည့်ကြည့်လိုက်ပြီး..
"ဟုတ်က့ဲ..အန်ကယ်.."
"အလုပ်လုပ်နေပြန်တာလား..နားပါဦးကွယ်.."အန်ကယ်ကဧည့်ခန်းမှာဝင်ထိုင်ရင်းပြောလာသည်မို့ရယ်ပြလိုက်ရင်း..
"ကွန့်မြူ းပိုကြိုးစားရမှာမို့ပါ.."
"ဒါပေမ့ဲလည်းနားချိန်နားပါကွယ်.."
"ဟုတ်က့ဲ..ဒါနဲ့အန်ကယ်ဆီကအကူအညီနဲ့အကြံဉာဏ်လေးတောင်းချင်လို့ပါ.."
"ပြောပါဦး.."အန်ကယ်ကအာရုံစိုက်မှုနဲ့အတူကြည့်လာသည်မို့..
"ကွန့်မြူ းမြန်မာနိုင်ငံမှာကားပြခန်းနဲ့မားကတ်တွဲပြီးဆောက်ရင်ကောင်းမလားလို့.."
"သမီးအကြံမဆိုးဘူးဘဲ..ဒါနဲ့အကူအညီဆိုတာက.."
"အ့ဲဒါကမြန်မာနိုင်ငံကထားမြတ်ကုမ္ပဏီမှာအန်ကယ်နာမည်နဲ့ရှယ်ယာဝင်ထားပေးလို့ရမလားလို့ပါ.."
"ရတာပေါ့.."
"ဟုတ်က့ဲ..အန်ကယ်ကစီးပွားရေးအကြောင်းပိုနားလည်တော့ကွန့်မြူ းအစားရှယ်ယာဝယ်စုထားပေးစေချင်လို့ပါ.."
"ရတယ်..အန်ကယ်စီစဉ်ထားပေးမယ်.."
"ဟုတ်က့ဲ..ကျေးဇူးတင်ပါတယ်..အန်ကယ်.."
"ပြောစရာမှမလိုတာ..အန်ကယ်တို့ကမိသားစုလိုဖြစ်နေပြီဘဲ.."
"ဟုတ်က့ဲ.."
"ဘာတွေဆွေးနွေးနေကြပြန်တာတုန်း.."ကွန့်မြူ းတို့စကားပြောပြီးတော့ဧည့်ခန်းထဲဝင်လာတ့ဲဝေယံကြောင့်ကွန့်မြူ းရယ်ပြလိုက်ပြီး..

CITEȘTI
အန်တီ့အလိုတော်ကျ
Dragosteကွန့်မြူးကအန်တီ့အလိုတော်ကျလိုက်ရမဲ့အရုပ်သာသာဘဲလား..အန်တီ Unicode ကွန့်မြူ းကအန်တီ့အလိုတော်ကျလိုက်ရမ့ဲအရုပ်သာသာဘဲလား..အန်တီ