Part-21(Unicode)

3.9K 215 16
                                    

ကျွန်မဒီနေ့အလုပ်သွားရမှာဆိုပေမ့ဲအရင်နေ့တွေကထက်သေသေချာချာပြင်ဆင်နေမိသည်ဒီနေ့တော့ချိတ်အဖြူ ​ရောင်ဝတ်စုံကိုဝတ်ထားလိုက်ပြီးရင်ဘတ်မှာရင်ထိုးလေးကိုလည်းဒီနေ့မှတပ်ချင်စိတ်ဖြစ်လာသည်မို့တပ်ထားလိုက်သည်မျက်နှာကိုတော့မိတ်ကပ်ပါးပါးလေးပုတ်လိုက်ပြီးနှုတ်ခမ်းသားတွေကိုအနီပြေပြေလေးဆိုးထားလိုက်သည်ဆံထုံးကိုတော့အရင်နေ့ကလိုမဟုတ်ဘဲပန်းပွင့်ပုံလေးထုံးကာနှင်းဆီပန်းအဖြူ ရောင်တစ်ပွင့်လည်းပန်ထားလိုက်သည်ပြင်ဆင်လို့ပြီးပြည့်စုံတာနဲ့မှန်ရှေ့မှာသေချာကြည့်လိုက်ကာရေမွှေးအနည်းငယ်ဆွတ်လိုက်သည်..အဆင်ပြေပြီမို့လက်ကိုင်အိတ်နဲ့ဖုန်းကိုယူကာအခန်းပြင်ထွက်လာခ့ဲလိုက်သည်အခန်းအပြင်ရောက်လို့အောက်ထပ်ဆင်းဖို့ပြင်နေတုန်း..

ကလင်..ကလင်..

ဖုန်းဝင်လာလို့ကြည့်တော့အတွင်းရေးမှူးဖြစ်နေသည်မို့ကိုင်လိုက်ကာ..

"ဟဲလို.."
"ဟဲလို..သူေဋ္ဌးမ"
"အင်း..ပြောလေ.."
"ရှယ်ယာရှင်တွေရောက်နေတယ်..သူေဋ္ဌးမကိုကုမ္ပဏီကနေဖယ်ဖို့တ့ဲ.."
"ဘာ!..ဘာကိစ္စနဲ့လဲ.."
"ကျွန်မလည်းသေချာမသိပါဘူး.."
"ဟုတ်ပြီး..တို့အခုလာခ့ဲမယ်.."

ကျွန်မဖုန်းချပြီးတော့အောက်ထပ်ကိုမြန်မြန်ဆင်းလာပြီး..

"ကြီးကြီးရေ..ထားအလုပ်သွားတော့မယ်.."
"မနက်စာစားသွားဦးလေ.."
"မစားတော့ဘူး..ကုမ္ပဏီမှာအရေးကြီးကိစ္စလေးပေါ်လာလို့.."
"အင်းအင်း..ဂရုစိုက်သွားဦး..အချိန်ရရင်တစ်ခုခုစားလိုက်နော်.."
"ဟုတ်က့ဲ.."

ကျွန်မကြီးကြီးကိုပြောပြီးတာနဲ့ကားပေါ်တက်ကာကုမ္ပဏီဆီထွက်လာခ့ဲလိုက်သည်..

ကွန့်မြူ းတို့လေယာဉ်ဆိုက်တော့လေယာဉ်ပေါ်ကဆင်းတာနဲ့ကိုယ့်နိုင်ငံရဲ့လေငွေ့ကိုရှူရှိုက်လိုက်မိသည်စိတ်ထဲပေါ့ပါးသွားသလိုဘဲစိတ်လည်းလှုပ်ရှားနေမိသည်..

"ခုမှလန်းဆန်းသွားသလိုဘဲ.."
"ပျော်တယ်မဟုတ်လား.."
"အင်း..မပြန်တာကြာလို့ထင်တယ်.."
"ဟုတ်ပါပြီး..လာသွားရအောင်.."

ကွန့်မြူ းတို့အပြင်ထွက်လာတော့..

"ဝေယံနဲ့ကွန့်မြူ း.."

အန္တီ့အလိုေတာ္က်Where stories live. Discover now