Part-9(Unicode)

3.6K 225 10
                                    

ကွန့်မြူ းဒီနေ့ကျောင်းသွားမှာမို့ပြင်ဆင်ပြီးတော့အောက်ထပ်မှာမနက်စာစားနေလိုက်သည်..

"သမီးကွန့်မြူ း..သမီးအန်တီရော.."
"မပြီးသေးဘူးထင်တယ်..ကွန့်မြူ းသွားခေါ်လိုက်မယ်.."
"အင်း..သွားခေါ်လိုက်.."

ကွန့်မြူ းလည်းအပေါ်ထပ်ကအန်တီ့အခန်းဆီတက်လာပြီးတော့..

ဒေါက်..ဒေါက်..

"အန်တီရေ..ပြင်လို့ပြီးပြီလား.."
"အင်း..ဝင်ခ့ဲလေ.."

ကွန့်မြူ းအခန်းထဲဝင်သွားလိုက်တော့မှန်တင်ခုံမှာထိုင်ကာအလှပြင်နေတ့ဲအမျိုးသမီး..အနားကိုတစ်ဖြည်းဖြည်းလျှောက်သွားကာသေချာကြည့်လိုက်တော့..

"ဘာဖြစ်လို့သေချာကြည့်နေတာလဲ..ကလေးမ"
"အန်တီကအရမ်းလှနေလို့လေ.."
"လှအောင်ပြင်တော့လှတာပေါ့.."
"မဟုတ်ဘူး..မပြင်ဘဲအိမ်နေလည်းလှနေတယ်.."
"ပိုလိုက်တာ.."
"တကယ်ပြောတာကို.."
"ဟုတ်ပါပြီး..အောက်ဆင်းရအောင်.."
"ဟုတ်က့ဲ.."

အန်တီကလိုအပ်တာတွေယူပြီးတော့ကွန့်မြူ းတို့အောက်ထပ်ကိုဆင်းလာကာမနက်စာစားကြသည်..မနက်စာစားပြီးတော့ကားပေါ်တက်ကာကျောင်းဆီထွက်လာခ့ဲသည်..

"ကလေးမ..ဒီမှာမုန့်ဖိုး.."
"အများကြီးဘဲ.."
"ယူထားလိုက်..လိုအပ်တာရှိရင်ဝယ်နော်.."
"ဟုတ်က့ဲ.."

ကျွန်မတို့စကားသံတွေပြန်တိတ်သွားပြီးခဏကြာတော့ကျောင်းရောက်ပြီမို့..

"ကလေးမ..စာသေချာလိုက်လုပ်နော်.."
"ဟုတ်က့ဲ..အန်တီ.."

ကလေးမကပြုံးပြပြီးကားပေါ်ကဆင်းကာကျောင်းထဲဝင်သွားသည်မို့ကျွန်မလည်းအလုပ်ဆီလာခ့ဲလိုက်သည်..

ကွန့်မြူ းကျောင်းထဲရောက်တော့ကံ့ကော်ပင်အောက်ကခုံမှာဝေယံကထိုင်စောင့်နေသည်မို့သွားလိုက်တော့..

"ကွန့်မြူ းလာပြီလား.."
"အင်း.."
"နင်ကဘာလို့အမြဲကျောင်းခေါ်ခါနီးမှလာတာလဲ.."
"ငါကအန်တီနဲ့တူတူလာရတော့သူမအလုပ်သွားချိန်မှလာပို့တာလေ.."
"အ့ဲလိုလား..."
"အင်း.."

ကွန့်မြူ းတို့လည်းအခန်းထဲကိုတူတူလမ်းလျှောက်လာရင်း..

"ဟိုတစ်နေ့ကနင့်အန်တီကိုမားကတ်မှာတွေ့တယ်..ငါခေါ်တော့သူမကလှည့်ကြည့်ပြီးပြုံးတောင်မပြုံးပြဘူး.."
"အင်း..သူမကအ့ဲလိုဘဲ..ငါကလွဲရင်သိပ်ပြီးမပြုံးပြဘူး.."
"ဒါဆိုချေလိုက်တာ.."
"အင်း..အ့ဲဒါသူမပုံစံဘဲ.."

အန္တီ့အလိုေတာ္က်حيث تعيش القصص. اكتشف الآن