"ကြီးကြီး..ဒါကစားပွဲဝိုင်းမှာတင်လိုက်တော့မယ်နော်.."
"အင်း.."
"ပြီးရင်ဒါလေးလည်းစားပွဲမှာတင်ပေးပါဦး..
ဟုတ်က့ဲ.."
"စားပွဲမှာမုန့်တွေလည်းစုံပြီးကော်ဖီလည်းဖျော်ပြီးပြီ..ခွက်တွေလည်းနေရာချပြီးပြီ..ဘာလိုသေးလဲ.."
"မလိုတော့ဘူး..သမီး.."
"ဟုတ်က့ဲ.."ကြီးကြီးကဆေးမှန်မှန်တိုက်ပေးတာကြောင့်ကွန့်မြူ းအများကြီးသက်သာလာခ့ဲသည်..မနက်နိုးတော့လှုပ်ရှားနိုင်နေပြီမို့ကြီးကြီးကိုဝိုင်းကူဖို့ဆင်းလာတော့ကြီးကြီးကမပေးလုပ်ပေမ့ဲကွန့်မြူ းကသူများအိမ်မှာအလကားသက်သက်နေနေတာမျိုးမဖြစ်ချင်တာမို့အန်တီ့အတွက်မနက်စာကူုပြင်ပေးနေလိုက်သည်..
"သမီးကွန့်မြူ း..ဟိတ်သမီးလေး.."
"ဟမ်..ဘာဖြစ်လို့လဲ.."
"ဘာတွေငေးနေတာလဲ..သမီးထားကိုမနက်စာစားဖို့သွားခေါ်လိုက်တော့.."
"ဟုတ်က့ဲ.."ကွန့်မြူ းလည်းအန်တီ့ကိုခေါ်ဖို့အတွက်အပေါ်ထပ်ကိုတက်လာခ့ဲလိုက်သည်..အခန်းရှေ့ရောက်တော့လှုပ်ရှားနေတ့ဲစိတ်ကိုငြိမ်စေပြီးတံခါးကိုခေါက်လိုက်သည်..
ဒေါက်..ဒေါက်..
"ဘယ်သူလဲ.."
"ကွန့်မြူ းပါ.."
"ခဏ..ဝင်ခ့ဲဦး.."ကွန့်မြူ းတံခါးဖွင့်ပြီးအထဲဝင်လိုက်တော့မှန်တင်ခုံရှေ့မှာထိုင်ကာအလှပြင်နေတ့ဲအမျိုးသမီး..ကွန့်မြူ းအတော်ကြာမျက်တောင်မခတ်နိုင်ဘဲငေးနေမိသည်..လှတယ်..ပြီးတော့ ရင်လျာထားတ့ဲသပတ်ရဲ့အပေါ်ကကျောပြင်လေးတွေကဖြူ ဝင်းနေတာဘဲအသက်သုံးဆယ်ကျော်အမျိုးသမီးမှဟုတ်ရဲ့လား..ကွန့်မြူ းတို့လိုလူငယ်တွေထက်ကိုပိုပြီးဆောင်မှုကောင်းတယ်..အန်တီကလှတယ်..အန်တီ့အလှကကွန့်မြူ းကိုအာခေါင်ခြောက်ပြီးရေငတ်စေသည်..
"အဟမ်း..မင်းဘာရပ်ကြည့်နေတာလဲ.."
"ဟင်..ဟို..ဘာဘာမှမကြည့်ပါဘူး.."
"မကြည့်ရင်ဟိုဘက်လှည့်..တို့အဝတ်အစားလဲမလို့.."သူမစကားဆုံးသည်နဲ့သူမကိုကျောပေးကာရပ်လိုက်သည်..ကျောပေးထားပေမ့ဲခဏကကျော်ပြင်လေးကိုမြင်ယောင်ပြီးလူကတထွေးတွေသည်အကြိမ်ကြိမ်မျိုချနေမိသည်..

ŞİMDİ OKUDUĞUN
အန်တီ့အလိုတော်ကျ
Romantizmကွန့်မြူးကအန်တီ့အလိုတော်ကျလိုက်ရမဲ့အရုပ်သာသာဘဲလား..အန်တီ Unicode ကွန့်မြူ းကအန်တီ့အလိုတော်ကျလိုက်ရမ့ဲအရုပ်သာသာဘဲလား..အန်တီ