ကျွန်မတို့ဒီနေ့ဘုရားသွားမှာမို့ခရမ်းရောင်ရင်ဖုံးခါးတိုနဲ့ချိတ်ထဘီကိုဝတ်ဆင်ပြီးရင်ဘတ်မှာပန်းပွင့်ပုံရင်ထိုးသေးသေးလေးကိုတပ်လိုက်ကာရေမွှေးနည်းနည်းဆွတ်ပြီးမှန်မှာသေချာကြည့်ပြီးတော့အဆင်ပြေပြီမို့လက်ကိုင်အိတ်ယူကာအခန်းပြင်ထွက်လာလိုက်သည်..
ဒေါက်..ဒေါက်
"ကလေးမ..ပြင်ပြီးပြီလား.."
"ပြီးတော့မယ်..အန်တီ"
"ဒါဆိုအောက်မှာစောင့်နေမယ်.."
"ဟုတ်က့ဲ.."ကျွန်မအောက်ထပ်ဆင်းလာပြီးဧည့်ခန်းမှာဝင်ထိုင်ကာကလေးမကိုစောင့်နေလိုက်သည်..
"သမီးထားတို့အပြင်သွားမလို့လား.."
"ဟုတ်က့ဲ..ဘာဖြစ်လို့လဲ.."
"ဘာမှမဖြစ်ပါဘူး..ဂရုစိုက်သွားကြနော်.."
"ဟုတ်က့ဲ.."
"အန်တီ.."ကြီးကြီးနဲ့စကားပြောနေတုန်းခေါ်သံကြားလို့ကြည့်လိုက်တော့လှေကားကနေတစ်ဆင့်ချင်းဆင်းလာတ့ဲကလေးမလေး..ချည်သားရင်ဖုံးခါးတိုနဲ့ဖိထဘီကိုသေသပ်စွာဝတ်ထားပြီးဂုတ်ဝဲဆံပင်တွေကိုတော့အရှေ့ကနည်းနည်းချ ပြီးအလယ်ခွဲထားကာဘေးဘက်ဆံပင်နည်းနည်းကိုအလိမ်လိမ်လေးလုပ်ထားပြီးအနောက်မှာစုစည်းထားသည်..ခုလိုပုံကနည်းနည်းတော့လူကြီးပုံလေးပေါက်သည်မို့ကျွန်မသေချာကြည့်နေမိသည်ကလေးမကခုလိုပုံနဲ့ကပိုချစ်စရာကောင်းနေသည်..
"ကွန့်မြူ းမလှလို့လားဟင်.."
"ဟင်..လှတယ်.."ကွန့်မြူ းအန်တီ့ဘေးမှာဝင်ထိုင်လိုက်ပြီးတော့သေချာကြည့်နေမိသည်အန်တီကဒီနေ့ပိုလှသလိုဘဲနူးညံ့တ့ဲအသားရည်နဲ့လောက်အောင်ခရမ်းရောင်ကိုဝတ်ဆင်ထားကာဆံပင်ကိုလည်းသေချာစွာထုံးထားပြီးအလှကလစ်လေးတောင်ပန်ထားသေးသည်..
"အန်တီ..ဒီနေ့အရမ်းလှနေတယ်.."
"တို့သိတယ်.."အန်တီကလေဘာပြောပြောအမြဲချေသည်ကွန့်မြူ းအန်တီ့ကိုသေချာကြည့်နေရင်းအကြည့်တွေကရင်ထိုးဆီရောက်သွားတော့..
"အယ်..အန်တီလည်းရင်ထိုးထိုးလာတာလား.."
"ဟုတ်တယ်..ဘာဖြစ်လို့လဲ.."
"ဒီမှာလေကွန့်မြူ းလည်းထိုးထားတာ.."ကလေးမကသူမရဲ့ဘယ်ဘက်ရင်အုံနေရာမှာထိုးထားတာလေးကိုပြပေးတာမို့ကြည့်လိုက်တော့..
YOU ARE READING
အန်တီ့အလိုတော်ကျ
Romanceကွန့်မြူးကအန်တီ့အလိုတော်ကျလိုက်ရမဲ့အရုပ်သာသာဘဲလား..အန်တီ Unicode ကွန့်မြူ းကအန်တီ့အလိုတော်ကျလိုက်ရမ့ဲအရုပ်သာသာဘဲလား..အန်တီ