Part-25(Unicode)

4.8K 223 16
                                    

ဆေးရုံမှာ၃ရက်လောက်နေပြီးတော့သက်သာသွားပြီမို့ဆေးရုံကဆင်းခ့ဲကြသည်အိမ်ရောက်တော့လည်းအန်တီကအရင်တုန်းကနဲ့မတူတော့ဘဲအိမ်မှုကိစ္စတွေလုပ်လာတယ်ကွန့်မြူ းစားဖို့အတွက်မနက်စာကိုယ်တိုင်လုပ်ပေးတယ်ဟင်းချက်တယ်အချိန်ရရင်လည်းပန်းရေတွေပေးတယ်ကွန့်မြူ းအလုပ်ဆီလာပြီးနေ့လယ်စာတွေလည်းအမြဲလာပို့ပေးသည်အန်တီ့ပြောင်းလဲမှုကြောင့်ကြီးကြီးလည်းအများကြီးသက်သာသွားသည်လေတကယ့်ကိုအိမ်ရှင်မအတိုင်းပဲနောက်ပြီးအရင်ကလိုမဟုတ်တော့ဘဲအချစ်ပိုအောင်ပိုချွဲလာသည်မို့ဒီလူကလည်းခဏခဏအရည်ပျော်ရသည်..

"အန်တီရေ..ကွန့်မြူ းအလုပ်သွားတော့မယ်.."

အိမ်နောက်ခန်းမှာအလုပ်ရှုပ်နေတ့ဲအန်တီကပြေးထွက်လာရင်း..

"အလုပ်သွားတော့ဖို့လားဟင်.."
"ဟုတ်တယ်လေ.."
"မနက်စာစားသွားလေ.."
"နောက်ကျနေပြီအမျိုးသမီးရဲ့.."
"အန်တီကကိုယ်တိုင်ပြင်ထားပေးတာကို.."

အန်တီကစိတ်မကောင်းဖြစ်ပြိးမျက်နှာညိုးသွားတော့ဒီလူကမနေတက်တော့ပေ..

"ဟုတ်ပြီ..စားသွားမယ်နော်.."
"အင်း..လာ.."

ကွန့်မြူ းကိုစားပွဲဝိုင်းဆီခေါ်သွားကာထိုင်စေပြီးကော်ဖီထည့်ပေးသည်..

"ကော်ဖီဖျော်ထားပေးတယ်..သောက်ကြည့်.."
"အင်း.."

ကွန့်မြူ းတစ်ငုံသောက်ပြီးတော့..

"ဝါး..အမျိုးသမီးဖျော်ထားတာကောင်းလိုက်တာ.."
"တကယ်လား.."
"တကယ်ပေါ့..အမြဲတမ်းဖျော်တိုက်နော်.."
"အင်း.."

ကွန့်မြူ းလည်းကော်ဖီနဲ့မုန့်ကိုမြန်မြန်လေးစားပြီးနောက်..

"တော်ပြီ..နောက်ကျနေပြီမို့.."
"အင်း..လာလိုက်ပို့မယ်.."

အန်တီကအိမ်ရှေ့ထိလိုက်ပို့ပေးပြီးနောက်..

"နေ့လယ်ကျရင်လာခ့ဲမယ်နော်.."
"အင်း..စောင့်နေမယ်..မွ.."

အလုပ်သွားချိန်တိုင်းသူမနှဖူးကိုနမ်းသွားရမယ်လို့အမျိုးသမီးကအမိန့်ထုတ်ထားတာမို့နှဖူးကိုအသာနမ်းပြီးအလုပ်ဆီထွက်လာခ့ဲလိုက်သည်..

အန္တီ့အလိုေတာ္က်Donde viven las historias. Descúbrelo ahora