Part-13(Unicode)

2.8K 191 12
                                    

ဒေါက်..ဒေါက်..ဒေါက်

"ကွန့်မြူ းခြယ်..ကွန့်မြူ းခြယ်.."

ခုနောက်ပိုင်းအန်တီကအရင်ကလိုကလေးမလို့မခေါ်တော့ဘဲနာမည်အပြည့်အစုံသာခေါ်လာတော့သည်အန်တီအ့ဲလိုတစ်ခါခေါ်တိုင်းကွန့်မြူ းအသားတွေတောင်တုန်မိသည်..ခုလည်းတံခါးကိုဆက်တိုက်ခေါက်ပြီးခေါ်နေတာမို့ကိုယ်လက်နာပြီးမထနိုင်ပေမ့ဲခပ်သွက်သွက်လေးအမြန်ထကာတံခါးဖွင့်ပေးလိုက်တော့..

"မင်းကိုဒီလောက်ခေါ်နေတာကိုဘာလို့ပြန်မထူးတာလဲ.."
"ကွန့်မြူ းအိပ်နေလို့ပါ.."
"ဒီချိန်ထိအိပ်နေတာလား.."
"ဟုတ်က့ဲ..ကိုယ်လက်နာနေလို့.."
"အပိုတွေမပြောနဲ့..တို့အောက်မှာစောင့်နေမယ်..မြန်မြန်ပြင်ပြီးဆင်းခ့ဲ.."
"ဟုတ်က့ဲ.."

အန်တီဆင်းသွားတော့ကွန့်မြူ းလည်းတံခါးကိုအသာပြန်ပိတ်ကာရေချိုးခန်းထဲဝင်သွားလိုက်သည်..အန်တီကလေအရင်ကထက်ကိုပိုပြီးဆိုးလာတာမို့အန်တီနဲ့အတူမနေချင်တော့သည်အထိဖြစ်မိသည်ဘာလို့ဒီလောက်ထိပြောင်းလဲသွားလဲမသိပေမ့ဲအန်တီ့ရဲ့တစ်ချို့အပြုအမူတွေကကွန့်မြူ းကိုသဘောကျအောင်ပြုမူနေဆဲဘဲ..ဒီလောက်ရိုက်ထိနေတာတောင်အ့ဲအမျိုးသမီးကိုအပြီးအပိုင်မမုန်းနိုင်သေးဘူးအန်တီကအရမ်းပြုစားလွန်းတယ်..မုန်းတယ်လို့ပြောခ့ဲပေမ့ဲသဘောကျနေတုန်းဘဲအန်တီ့ရဲ့ဆိုးကွက်ရောကောင်းကွက်တွေရောကို..

ကွန့်မြူ းအတွေးတွေရပ်ကာသန့်စင်ပြီးတော့ပြန်ထွက်လာပြီးရှပ်အကျႌနဲ့ဘောင်းဘီအကွက်အရှည်ကိုလဲဝတ်ပြီးအောက်ဆင်းလာလိုက်သည်..

"မင်းဘာလို့အ့ဲလောက်ကြာနေတာလဲ.."

စားပွဲဝိုင်းထဲဝင်ထိုင်တော့အန်တီကမေးလာသည်မို့..

"အဝတ်အစားလဲနေလို့ပါ.."
"ထားလိုက်တော့..တို့ဒီနေ့ကြီးကြီးနဲ့အပြင်သွားမလို့မင်းကဘယ်မှမသွားဘဲအိမ်မှာဘဲနေခဲ့.."
"ဟုတ်က့ဲ.."
"မနေ့ကလိုစိတ်မတိုချင်ဘူး.."
"ဟုတ်က့ဲ.."

ကွန့်မြူ းမနက်စာစားနေတုန်းအန်တီကစားပြီးသွားပြီမို့ထွက်သွားတော့သည်..

"သမီးလေး..ကြီးကြီးဆန်ပြုတ်ပြုတ်ထားပေးတယ်.."
"ဟုတ်က့ဲ.."

ကြီးကြီးကမှာပြီးတော့အန်တီနဲ့လိုက်သွားတော့သည်..အန်တီတို့ကားလေးထွက်သွားတော့မနက်စာစားတာကိုရပ်ကာပစ္စည်းတွေကောက်သိမ်းလိုက်ပြီးခြံထဲဆင်းလာလိုက်သည်..

အန္တီ့အလိုေတာ္က်Where stories live. Discover now