Part-22(Unicode)

4.3K 209 16
                                    

"သမီးထား..ကွန့်မြူ းလေးတို့အိမ်သွားတာ
ကဘာကိစ္စရှိလို့လဲဟင်.."
"ထားသူတို့ဆီကတောင်းစရာရှိလို့ပါ.."
"ဘာတောင်းမလို့လဲ.."
"ကွန့်မြူ းခြယ်လေးကို.."
"သမီးထားပြောတော့သူမအန္တရယ်ရှိနေတယ်ဆို.."
"ဟုတ်တယ်..ထားသူမကိုအနားမှာခေါ်ထားပြီးထားအပိုင်ဘဲဖြစ်စေချင်တော့လို့.."
"သူတို့လက်ခံပါ့မလားကွယ်.."
"သူတို့လက်ခံသည်အထိပြောရမှာပေါ့.."

ကျွန်မတို့စကားသံတိတ်သွားပြီးနောက်ခဏနေတော့ကလေးမအိမ်ရှေ့ကိုရောက်လာခ့ဲသည်မို့ကားပေါ်ကဆင်းကာခြံထဲဝင်သွားလိုက်သည်..

"အိမ်ရှင်တို့.."
"ဘယ်သူလဲ.."

အိမ်ရှေ့ကိုထွက်လာတ့ဲကလေးမအဖေကကျွန်မကိုကြည့်နေရင်း..

"ဘာလာလုပ်တာလဲ..သမီးလေးမပါဘူးလား.."
"ကျွန်မရှင်တို့နဲ့စကားခဏပြောချင်လို့လာခ့ဲတာ.."
"ကျွန်တော်တို့ မှာ​ပြောစရာမရှိဘူး.."
"ကွန့်မြူ းနဲ့ပတ်သက်တာကိုပြောချင်လို့ပါ.."
"အစ်ကိုရေ..အိမ်ရှေ့မှာဘယ်သူလဲ.."

အိမ်နောက်ကနေထွက်လာတ့ဲကလေးမအမေကကျွန်မကိုတွေ့တော့မျက်နှာတည်လိုက်ပြီး..

"ရှင်ဘာလာလုပ်ပြန်တာလဲ..ကျွန်မတို့မှာဘာယူစရာကျန်သေးလို့လဲ.."
"ကျွန်မပြောတာကိုအရင်ဆုံးနားထောင်ပေးလို့ရမလား.."
"မနားထောင်ချင်ဘူး..ထွက်သွား.."
"တောင်းပန်ပါတယ်..ပြောတာလေးကိုခဏနားထောင်ပေးပါ.."
"မြရယ်..စိတ်လျှော့လိုက်ပါ..ခင်ဗျားလည်းအထဲဝင်လေ.."

ကျွန်မအိမ်ထဲဝင်ပြီးခုံမှာဝင်ထိုင်လိုက်တော့..

"ဘာပြောမလို့လဲ..မြန်မြန်ပြောပြီးပြန်.."
"ကျွန်မပြောချင်တာက ကလေးမမှာအန္တရယ်ရှိနေတယ်.."
"ရှင့်စကားကဘာသဘောလဲ.."
"ကလေးမနဲ့ပတ်သက်ပြီးခြိမ်းခြောက်ခံထားရတယ်..အ့ဲဒါကလေးမကိုကျွန်မဆီအပိုင်ပေးလို့ရမလား.."
"အပိုင်ပေးရမယ်ဟုတ်လား.."
"ဟုတ်တယ်..ကျွန်မကလေးမကိုအရမ်းမြတ်နိုးမိနေလို့အဆုံးရှုံးမခံနိုင်ဘူး..ဒါကြောင့်ကျွန်မဆီကိုအပိုင်ပေးလို့ရမလား.."
"ဘာ!..မိန်းကလေးအချင်းချင်းကိုလေ..

ကလေးမအဖေကကျွန်မစကားကိုကြားပြီးတော့အ့ံသြသလိုထရပ်လိုက်ပြီး..

အန္တီ့အလိုေတာ္က်Where stories live. Discover now