ချမ်းသာသူများရှိရာဟုခေါ်ဝေါ်လောက်သော နိဗ္ဗာန်လို့တောင်တင်စားထားသည့် လူချမ်းသာများနေထိုင်သော ရပ်ကွက်ကြီးများရှိ ခြံကြီးတစ်ခြံရှိ 3ထပ်အိမ်ကြီး၌ အေးချမ်းတယ်ထင်ရပင်မဲ့ ဤအိမ်ကြီးရှိ အိမ်ကြီးရှင်သခင်များတွင် ပူလောင်မူများမှာ ၎င်းတို့ရဲ့မျက်နှာထပ်ဝယ် ရုပ်ဆိုးအကျည်းတန်ပေးသည်။ ၎င်းတို့သည် အိမ်ကြီးရဲ့ ဧည့်ခန်းတွင် စုစည်းထိုင်နေ၍ တစ်စုံတစ်ခုကို စိတ်တိုနေပုံရသည်။
"တောက်(စ်)!! .....မင်းတို့ ရှိနေတာတောင် လူတစ်ယောက်လုံး ထွက်သွားတာ မသိဘူးလား ဟမ်!?"
ထိုထဲမှာ ဖြူနေသောမျက်နှာထပ်တွင်မိတ်ကပ်အထပ်ထပ်များလိမ်းခြယ်ထားသော်လည်း ဒေါသကြောင့် ထွက်ပေါ်လာသည် အရေးအကြောင်းများမှာ ဤမျက်နှာပိုင်ရှင် အိုသွားသယောင်ယောင်ဖြစ်ပေါ်နေမှန်း မသိသောအမျိုးသမီးက စကားဆိုလာ၏။
"အို့တော်... ကျွန်မတို့ကို အပြစ်လာမတင်ပါနဲ့ ဒင်ကို ကျွန်မတို့က မျက်စိဒေါက်ထောက်ပြီး လိုက်ကြည့်နေရအောင် အားယားမနေဘူး "
ထိုယောက်ျားသည် ထိပ်ဆုံးခုံမှာ မတ်တပ်ရပ်ခါးထောက်ပြီး သူအရှေ့က ထိုင်နေတဲ့ လူ3ယောက်ကို မျက်မှောင်ကြီးကြုတ်၍ကြည့်နေလိုက်သည်။
"အမေပြောတာ ဟုတ်တယ်။ ကျွန်တော်တို့ကကော ကိုယ်အလုပ်နဲ့ကို သူလိုက်ကြည့်နေရအောင် သူ့က ကလေးလား အဖေရဲ့ ယောင်္ကျားမဟုတ် မိန်းမမဟုတ်သူကို ဘယ်သူ့က စောက်လုပ်ရှုပ်ခံပြီးကြည့်နေရမှာလဲ"
"ကိုကြီးပြောတာ မှန်တယ်။ သူပျောက်တာ သမီးတို့ကို လာအပြစ်တင်မနေနဲ့ အကုသိုလ်ပေးကိုပေးတယ်။တစ်နေ့တစ်နေ့သူ့စောက်ပြဿနာဘဲ ဒီအိမ်မှာ အဲ့တာကြောင့်မနေချင်တာ "
ထိပ်ဆုံး၌ မတ်တပ်ရပ်ခါးထောက်နေသော အမျိုးသားသည် သူ၏ သားသမီးများစကားကြောင့် စိတ်တို၍ ဟိန်းထွက်နေသော အသံနှင့်
"အဲ့ စောက်ပြဿနာကောင်ကြောင့် မင်းတို့အခုလို နေနိုင်နေတာထည့်ပြောအုံး။ အခု ငါ့တို့ ဦးမင်းသူကို နွေဦးတိမ်ယံ ပျောက်နေတာ ဘယ်လို့ပြောရတော့မှာလည်း သူ့ပျောက်ရင် ဘာစောက်ပြဿနာတွေ တက်မလဲဆိုတာ မင်းတို့ သိတယ်မလား"
YOU ARE READING
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓
Romance[U/Z] ဒီ ficသည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ ...
