Part [6]🌺

10.5K 374 9
                                        


သူရိန်ထွန်းမောင် ဒီနေ့ သိပ်လုပ်စရာမရှိလို့ အလုပ်ကို နည်းနည်းနောက်ကျပြီးမှ ရောက်လာခဲ့သည်။

အလုပ်ရောက်တော့ နှုတ်ဆက်သောဝန်ထမ်းတချို့အား ပြန်နှုတ်ဆက်၍ 3ထပ်မြောက် သူရုံးခန်းရှိရာသို့ ဝင်လိုက်ရာတွင်...

"ငလူး ဘာလို့မြန်မြန်မလာတာလဲ!"

"-ီးမို့လို့ နောက်ကျနေရတာလား"

"သူတောင်းစားလေး မြန်မြန်လား"

သူရိန်ထွန်းမောင် ???

အခန်းထဲတောင် ခြေမချရသေးဘူး သူကိုဝိုင်းဆဲနေသော မအေးဘေး 3ကောင်ကြောင့် ကြောင်လျက် မျက်မှောင်ကြုတ်လိုက်မိ၏။

"ဘောမို့လို့ ဝိုင်းဆဲနေရတာလည်း နှမပေးတွေရဲ့ "

"ငါမှာတော့ နှမ,မရှိဘူး လို့ချင်ရင် မင်းဘေးက ဟိုနှစ်ကောင်ယူလိုက်"

"-ီးမို့လို့ ငါကယူရမှာလား ငါရည်းစား ဖြူငြိမ်းလေးပဲ ယူမှာပေါ့"

"မင်းရဲ့ ဆက်စလူးစိန်ရည်းစားကို အသာထားစမ်းပါ။ငါတို့မေးစရာရှိတာအရင်မေးရအုံးမယ်"

မင်းခပြောလိုက်တော့ ကျန်လူများက သူရိန်ကိုကြည့်လာကြသည်။

သူရိန်ထွန်းမောင်ကတော့ ဒင်းတို့ကို ဂရုမစိုက်ဟန်ဖြင့် သူအလုပ်စားပွဲမှာ သွားထိုင်သည်။

ထိုအခါ မသာ3ကောင်က အသည်းအသန်သူရှိရာကိုလာကာ

"ဟေ့ ကောင်! သူရိန် မင်းမိန်းမခိုးလာတယ်ဆို"

"အေး ဟုတ်တယ် ဒီမနက်ကတောင် ငါ့အမေက မေးနေတာ 'မင်းသူငယ်ချင်း
သူရိန်ထွန်းမောင် တစ်ယောက် မိန်းမ ခိုးသွားတယ်ဆို'တဲ့ ငါ့ကလည်းမဟုတ်ပါဘူး အမေလူမှားတာလို့တောင် ပြောလိုက်သေးတယ်။ အဲ့တာငါ့အမေက မင်းကသာလူမှားနေတာ ဟိုက ရပ်သိရွာသိကို ဟိုးလေးတစ်ကျော်ကျော်တောင် ဖြစ်နေပြီးတဲ့ သူတောင်ဈေးသွားရင် သိလာတာလို့ ပြောတယ် "

သူတို့မှာ ဒါကိုသိချင်တာ မနက်အစောကြီးထဲက ဒင်းအခန်းထဲဝင်စောင့်နေတာကို.. မသာက နောက်ကျမှအလုပ်ရောက်လာတယ်လေ။

သူရိန်ထွန်းမောင် ရှေ့ကနှစ်ကောင်အပြောကို အံ့‌ဩလွန်လို့ ပါးစပ်တောင် ဟ မိသည်။

ဇွဲသူ က ထပ်ပြောလာသည်။

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓Où les histoires vivent. Découvrez maintenant