သူရိန်ထွန်းမောင်တို့အုပ်စု ဘုန်းကြီးကျောင်းကိုရောက်အချိန်မီသွားကြပြီး ဘုန်းဘုန်းများကို အာရုံဆွမ်းကပ်လှူ၍ နောင်ဘဝကိုကူးပြောင်းသွားပြီ ဖြစ်သော သူရိန်ထွန်းမောင်ရဲ့အဖေနှင့် တိမ်ယံ မွေးအမေနှင့် ကျွေးမွေးစောင့်ရှောက်ခဲ့သော ဘွားဘွားတို့ကိုတစ်ခါထဲ သာဓုခေါ်ဆိုနိုင်ရန် ရေစက်ချအမျှပေးဝေခဲ့သည်။
တိမ်ယံ ရေစက်ချပြီးအမျှဝေရာတွင် မျက်ရည်များထိန်းထားသည်ကြာက စီးကျလာ၏။
တိမ်ယံ ဆုတောင်းပါသည် အမေနဲ့ဘွားဘွားတို့သည် တိမ်ယံပေးဝေသော ကုသိုလ်အစုစုကြောင့် နောင်ဘဝများတွင် သူတော်ကောင်းများနဲ့တွေ့ရပါစေ၊ ပျော်ရွှင်သော မိသားစုနဲ့ဆုံတွေ့ကြပါစေ။ မေမေကိုလည်း ကိုယ်ကလည်းချစ်ပြီ ကိုယ်ကိုပြန်ချစ်သော သစ္စာရှိသော လူကောင်းများနဲ့ တွေ့ရပါစေလို၏...။လို့ တိမ်ယံ ဆုတောင်းပေးလိုက်သည်။
ဘုန်းဘုန်းတရားနာပြီးနောက် အစ်ကိုထွန်းမောင်က တိမ်ယံပါးပေါ်က မျက်ရည်စီးကြောင်းများကို တယုတယ သုတ်ပေးပြီး လက်ကိုဖွဖွလေးကိုင်ကာ နှစ်သိမ့်ပေးသည်။
သူလည်း အစ်ကိုထွန်းမောင်ကိုကြည့်ပြီး ပြန်ပြုံးပြလိုက်တယ်။
ထိုနောက် သူရိန်ထွန်းမောင်တို့ထံ ဖိတ်ကြားထားသော သူများ တစ်ဖွဲ့ဖွဲ့ရောက်လာကြ၍။ နှစ်ယောက်သား နားရတယ်မရှိအောင် လိုက်ဧည့်ခံနေရတော့သည်။
မင်းခတို့အုပ်စုမှာလည်း စားပွဲထိုးများသဖွယ်ပြေးရလွှားရတာနှင့် ရှိုးထုတ်ချိန်တောင်မရ ဝင်ကူနေရသည်။
ဖိတ်ကြားထားသူများမှာ လာရောက်ကြသူအများစုမှာ သူရိန်ထွန်းမောင်ရဲ့ လုပ်ငန်းစုမှစီးပွားရေးဆက်တူလုပ်ကိုင်ဖူးသူများနဲ့ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသည်။
အစ်ကိုထွန်းမောင်နဲ့ဒေါ်လေးကတော့ တိမ်ယံကို လာသမျှအသိမိတ်ဆွေများနဲ့ တစ်ယောက်တစ်လှည့်ဒိုင်းကန်ဆွဲကာ
'ဒါကျွန်မသားရဲ့ အိမ်ထောင်ဖက်ပါ။
ဒါကျွန်တော့် ရဲ့ အိမ်ထောင်ဖက်ပါ"ဟူ၍
YOU ARE READING
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓
Romance[U/Z] ဒီ ficသည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ ...
