"သွားတော့မယ်ပေါ့ ?"
"ဟုတ်တယ်...အမေ။ ထမင်းစားချိန်နီးနေပြီဆိုတော့ ပြီးတော့ အစ်ကိုနဲ့အတူတစ်ခါတည်းဆိုင်ခန်းလေးပါ သွားကြည့်မလို့။"
တိမ်ယံ ချိုင့်များခြင်းထဲသို့ စီထည့်ကာအမေ ကိုပြန်ဖြေလိုက်သည်။
"အေးပါကွယ်... နောက်ကြမှ အမေဆိုင်လိုက်ကြည့်တော့မယ်။အခုတော့ ကလေးတို့ပဲ အရင်သွားကြပါ...ကဲ ကဲ အမေပြောတာနဲ့ ထမင်းစား နောက်ကြတော့မယ်.. သွားတော့"
"ဒါဆို တိမ်ယံတို့ နေ့ခင်းလောက်ပြန်လာခဲ့မယ်"
"အေးပါ"
တိမ်ယံအမေကိုပြောကာ အားလုံးပြင်ပြီး ထမင်းခြင်းလေးဆွဲ၍ အစ်ကိုကုမ္ပဏီရှိရာကို ထွက်လာလိုက်သည်။
လက်ထပ်ပြီးနောက် တိမ်ယံဆိုင်ဖွင့်ချင်တယ်လို့ပြောလိုက်တော့။ အစ်ကိုက ချက်ချင်း စီစဉ်ပေးသည်။ ဈေးနားနဲ့လည်နီး အစ်ကိုအလုပ်နဲ့လည်း နီးသောနေရာတွင် မြေကွက်တစ်ကွက်ရတယ်။ ထိုမြေကွက်က အစ်ကိုအသိမိတ်ဆွေက ရောင်းရန်ဆိုင်းထားသော..
ပေ၂၀မြေကွက်လေးဖြစ်ကာ ထိုနားတွင်စည်ကားသောကြောင့် အစ်ကိုက ယူရန်သဘောကျပြီး တိမ်ယံကြိုက်မကြိုက်အရင်မေးမြန်းခဲ့သည်။
တိမ်ယံလည်းသဘောကျပါတယ်။ ဒါပင်မဲ့ အစ်ကိုက မဝယ်သေးဘဲ။ တစ်နှစ်အရင်စာချုပ်နဲ့ အစမ်းငှားဖွင့်ရင် အကြံအရင်ပေးတယ်။
အစ်ကိုစဉ်းစားတာမှန်တယ်လို့ တိမ်ယံလဲ ထင်မိတယ်။ ဘာလို့ဆို အရင်စမ်းဖွင့်ကြည့်ကာ ရောင်းအားပေါ် အရင်ကြည့်သင့်တယ်။ ပိုက်ဆံအလုံးအရင်းလိုက် ရင်းလိုက်တာထပ် ဖြေးဖြေးချင်သွားတာ ပိုကောင်းတယ်လို့ သူထင်သည်။
ထိုကြောင့် အစ်ကိုအကြံဉာဏ်တိုင်းသဘောတူလိုက်၏။
အစ်ကိုကလည် သူမိတ်ဆွေနဲ့ဆွေးနွေးကာ ထိုသူကလဲ လက်ခံတော့။ အားလုံးအဆင်ပြေ၍ 'စာချုပ်'ချုပ်သည်။
အားလုံးပြီးသွားတော့ အစ်ကိုက တိမ်ယံဆိုင်အတွက် ဒီဇိုင်းဆွဲပြီးပြီချင် ဆိုင်စဆောက်တော့တယ်။ ဆိုင်ဆောက်နေချိန်တွင်တော့ တိမ်ယံ သွားမကြည့်ဖြင့်ပါ။
VOUS LISEZ
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓
Roman d'amour[U/Z] ဒီ ficသည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ ...
