Part [29]🌺

6.6K 237 0
                                        

မင်္ဂလာခန်းမထဲရောက်တော့ လူများစွာက အကုန်စုံလိုတောင်နေတယ်။သူရိန်ကလည်း တိမ်ယံကို ဂရုတစ်စိုက်နှင့်လူမညှပ်မိအောင်သေချာလက်ဆွဲပြီး ခမ်းမထဲထိုးဝင်လာသည်။

ခမ်းမထဲတွင် ဟိုလက်ယားလက်ယားဖြစ်နေသော သတိုးသားအရံဥက္ကာဦးမှာ သူရိန်အတွဲကိုတွေ့သွားတော့ ချက်ချင်းထိုလင်မယားရှိရာသို့ လျှောက်သွားလိုက်တယ်။

"နောက်ကျလိုက်တာ သားကြီးရာ ငါကမမွေးသေးတဲ့ မင်းသားဘွဲ့ယူတာပါစောင့်နေတယ်ထင်မိသွားတယ်"

"ငါ့ကမင်းလို တစ်ယောက်တည်းသမားမဟုတ်တော့ ကြာတာပေါ့ကွာ ဟား² "

သူကိုလာရွဲ့နေတဲ့ ခွေးသားကိုရယ်ကာ ပြန်လှောင်ပေးလိုက်တယ်။

ဥက္ကာဦးသည် အံ့ကြိတ်ရယ်သံကြီးဖြင့်

"ဟား² ဟား² သားကြီးမင်းနဲ့နောက်မှတစ်ပွဲတစ်လမ်းနွဲ့မယ်။အခုတော့ ဟိုကောင်မင်္ဂလာဆောင်မို့ ညှာလိုက်မယ်။"

"ကြိုဆိုလျက်ပါသားကြီး"

ထိုအချိန် မင်းခ ရောက်လာ၏။

"ဟေ့! ရောက်လာကြပြီလား လာမြန်မြန်လာဟိုရှေ့ဆုံးက ဝိုင်းကြီးက ငါတို့အုပ်စုထိုင်ဖို့ဖယ်ထားတယ်။"

မင်းခသည် သူရိန်ဘေးအသာကပ်ပြီး

"ဇွဲသူယောက်ဖရဲ့သူဌေးကလွဲ ဘယ်သူမှမထိုင်ခိုင်းထားဘူး။ဒါနဲ့ဟိုကောင် ယောက်ဖရဲ့သူဌေးက နိုင်ငံခြားသားလိုမပြောရဘူးကွာ အတော်ရုပ်ဖြောင့်တာကွ ပွဲလာသူတွေတောင် အဲ့သူဌေးကိုခဏခဏ..."

သူရိန်ကသည် မင်းခပြောသောစကားများကို အလေးမထားသလိုနှင့် ဘေးကတိမ်ယံကို ကြည့်ပြီး

"ညောင်းနေပြီလား?..."

"ရပါတယ်"

"လာ...ကိုယ်တို့သွားထိုင်ရအောင်"

"အား...ငါအခုမှ တိမ်ယံကိုသတိထားမိတော့တယ်။အတင်းပြောချင်ဇောလောသွားတယ်။ ကြည့်စမ်းကွာ! လှချက်!တိမ်ယံ ဗိုက်သာမရှိရင် အပျိုလေးဆိုပြီးဝိုင်းဝိုင်းလည်နေမှာသေချာတယ်။ ဘေးကမသာနဲ့တောင်မတန်ဘူး"

သူရိန် ဂျိုကြည့်တစ်ချက်ကြည့်တော့ မင်းခက "ဟီးဟီး"ဆိုပြီး နွားပွဲစားလို ဟီးပြလားတယ်။

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓Where stories live. Discover now