ရှောပင်းမောတစ်ခုတွင်
"တိမ်ယံ"
"ဗျာ?"
သူရိန်ထွန်းမောင် တိမ်ယံရဲ့ 'ဗျာ'ဆိုပြီး ထူးတက်တဲ့ အကျင့်လေးကြောင့် ပြုံးလိုက်မိသည်။
"ကိုယ်တို့ ဖုန်းဆိုင်အရင်သွားမလား?"
အူကြောင်ကြောင်လေးနဲ့ အစ်ကိုထွန်းမောင်ကို တိမ်ယံကြည့်ပြီး
"ဘာလို့ သွားမှာလဲ? အစ်ကိုထွန်းမောင်ဝင်စရာရှိလို့လား?"
"မဟုတ်ဘူး တိမ်ယံအတွက်လေ။တိမ်ယံမှာ ဖုန်းမရှိတာ ကိုယ်သတိထားမိတယ်။ ဘယ်မှဆက်သွယ်စရာမရှိဘူးဆိုပင်မဲ့၊ အရေးအကြောင်းဆို ဆက်သွယ်လို့ရအောင် တစ်လုံးတော့ ဝယ်ကိုင်ထားရမယ်လေ"
တိမ်ယံ ခဏငြိမ်သွားသည်၊
ဟုတ်တယ်။ သူထွက်လာတုန်းက သူဖုန်းကဟိုအိမ်မှာကျန်ခဲ့တယ်။ ကျန်ခဲ့တာမဟုတ်
တိမ်ယံ တမင်ကိုထားခဲ့တာဖြစ်တယ်။ ဖုန်းနဲ့ခြေရာတွေဘာတွေ ခံပြီးရှာတွေ့မှာကြောက်လို့ သူစိတ်ကစိုးရိမ်လွန်းပြီး ထားခဲ့တာဖြစ်သည်။
သူရိန်ထွန်းမောင် ငြိမ်သက်သွားသော တိမ်ယံကို စိုက်ကြည့်နေမိတယ်။
ဒီနေ့မှာ တိမ်ယံက ရှေ့တွင်အတွန့်လေများပါသည့် မြန်မာအင်္ကျီရိုးရိုးအဖြူလက်တတောင် ထိရှည်လေးကို နောက်ဇစ်လေးနဲ့ ထမိန်ပန်းနုရောင်မမှိန်တစ်မှိန်လေးနဲ့တွဲဝတ်ထားပြီး ဖြူနုနေသော အသားအရည်နဲ့လိုက်ဖက်တင့်တယ်ပေသည်။ မိတ်ကပ်ခပ်ပါးပါးလေးပေါ်တွင် သနပ်ခါး မတူမပါးလေးကို ဝင်းမွတ်နေတဲ့ပါးတွင် ပါးကွက်သေးလေး လိမ်းခြယ်ထားပြီး မျက်လုံးဝိုင်းဝိုင်းလေးတွေကို ထင်ပေါ်နေအောင် ဝိုင်းရံထားတဲ့ မျက်ခုံမွှေးပြေပြေတန်းတန်းလေးနှင့် မျက်တောင်ကော့ကော့လေးများက ပံ့ပိုးထားပြီး နှုတ်ခမ်းအဆီလိမ်းထားဟန်တူသည်။ ပန်းဆီရောင်နှုတ်ခမ်းလေးကလည်း ဆွဲမက်ဖွယ်အတိ။ တစ်ကိုယ်လုံးခြုံငုံပြောရရင် နွယ်ဦးတိမ်ယံဆိုတဲ့ လူသားလေးက မထိရက်မကိုင်ရက်လောက်အောင် ယဉ်ယဉ်လေးနဲ့လှသည်။ မဟုတ်ဘူးသေးဘူး။ အတော်ချောအတော်လှပေ၏။
ВЫ ЧИТАЕТЕ
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓
Любовные романы[U/Z] ဒီ ficသည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ ...
