သူရိန်ထွန်းမောင် ခြံရှေ့ကားကိုထိုးရပ်ပြီး ကားနောက်ခန်းက... ထိုမိန်းကလေးကို အသာပွေ့ချီပြီး အိမ်ထဲ အမြန်ဝင်လာရသည်။
ညမိုးချုပ်နေသောကြောင့် သူတို့ရပ်ကွက်တွင် မည်သူမှာအပြင်တွင်မရှိ ထို့ကြောင့်
သူ့ကို ပတ်ဝန်းကျင်က သတိမထားမိတာကြောင့် သူရိန်ထွန်းမောင်တစ်ယောက် စိတ်သက်သာရာရသွားတယ်။
ဒေါ်ရွှေခင်တစ်ယောက် TV၌ ဇာတ်လမ်းတွဲထိုင်ကြည့်နေစဉ် သားဖြစ်သူရဲ့ကားသံကြောင့်ထ၍ အိမ်ရှေ့သို့သွားပြီး ခရီးဦးကြိုပြုမည်အခိုက် မြင်လိုက်ရသောမြင်ကွင်ကြောင့် လန့်ဖျန့်သွားရတယ်။
"ဟဲ့....ဟဲ့! သား ဘယ်လို့ဖြစ်လာရတာလဲကွယ်!? ဒီကလေးမက ဘယ်ကလဲ?"
"နောက်မှ ရှင်းပြမယ်အမေ အခု သူကိုဧည့်သည်လာရင်ထားမဲ့ အခန်းတံခါးကို ဖွင့်ပေးပါအုံး"
"အေး... အေး လာလာ ဒီဘက်ကို။"
သူရိန်ထွန်းမောင်လည်း သူအမေဖွင့်ပေးသော အခန်းထဲသို့ ဝင်လိုက်ပြီး ဟိုမိန်းကလေးကိုမွေ့ရပေါ်ချပေးလိုက်ပြီး အမောဖြေရတော့တယ်။
"ဟူး... မောလိုက်တာ"
ထိုစဉ်အနောက်မှ ဒေါ်ရွှေခင်တစ်ယောက် သားဖြစ်သူရဲ့ ကျောကုန်းကိုရိုက်လိုက်သည်။
ဖြောင်း!
"အား!!... နာလိုက်တာအမေရာ ဘာလို့ရိုက်တာလဲ"
"အပိုမပြောနဲ့ ငါချတာ ဖြေးဖြေးလေး အဲ့တာအသာထားစမ်းပါ။ ဒီကလေးမက မင်းခိုးလာတာလား?။"
ဒေါ်ရွှေခင်အိပ်ယာပေါ်၌ ဘာအပူအပင်မှမရှိဘဲ အေးချမ်းငြိမ်သက်စွာ အိပ်ပျော်နေသော မိန်းကလေးကို မေးငေါ့ပြပြီး သူသားကိုမေးလိုက်သည်။
"ဟာ...ပေါက်ပေါက်ရှာရှာ အမေကလဲ မဟုတ်ပါဘူးဗျာ။"
"အင်း...ငါလည်းထင်ပါတယ် မင်းရုပ်နဲ့ဒါလေးကို ခိုးလာတယ်ဆိုတာ မဟုတ်လောက်ဘူးလို့ ထင်တော့ထင်သား မင်းမှာအဲ့လောက်အဖြစ်မရှိဘူးဆိုတာ သိပါတယ်"
"အမေရေ ကျွန်တော့်ကို အဲ့လောက်အထင်တွေကြီးနေမှန်မသိခဲ့ဘူး"
YOU ARE READING
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓
Romance[U/Z] ဒီ ficသည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ ...
