Part [28]🌺

7K 221 3
                                        


🎶လူကိုမြင်တိုင်း....မလုံမလဲ့နဲ့
         သူအစဥ်လို ပြုံးတာ

🎵သူဒီလို‌ပြုံးလေးတိုင်း မေ့ရင်ဖိုခဲ့
တာ... မေ့အသည်းရင်ထဲ
သူကြောင့်အချစ်ပိုကဲ🎶

🎶လေပြေဆော်သွေး ညတိုင်း
ဂီတာသံပေးကာ🎶 ဒီအသံကို ကြားလေးတိုင်း ရင်မှာကြည်နူးတာ🎵

🎶မေ့အတွေး ကမ္ဘာထဲ သူကြောင့်အမြဲလိုပဲ🎵

🎵ဂစ်တာသံလေး ရင်ထဲ သာယာကြည်နူးစရာ...🎶🎶🎶

သူရိန်သည် အိမ်ပြန်လမ်းတွင် စိတ်ညစ်စရာကြုံလာသော်လည်း အိမ်ပြန်ရောက်တော့ သူအခန်း၌ရှိနေစဉ် အခန်းတည်းက ကြားလိုက်ရသည် သီချင်းညည်းသံအေးအေးလေးကြောင့် ညစ်ညမ်းနေသော သူစိတ်လေးများ လေနှင့်အတူ လွင့်စင်လို့သွားသည်။

အခန်းတံခါးကို အသာဖွင့်၍ ကြည့်မိတော့။ သူကိုကျောပေးကာ ခေါက်ပြီးသား အဝတ်များကို ဗီရိုထဲထည့်နေသော ဗိုက်ကလေးကိုတွေ့လိုက်၏။

သူရိန်ပြုံးကာ အသာယာအထဲဝင်လိုက်၍ လက်ထဲကအိတ်ကိုချပြီး ဗိုက်ကလေးရဲ့ အနောက်ကနေ ခါးလေးကို လှမ်းဖက်သည်။

"အမေ!!" 

တိမ်ယံက အမှတ်တမှတ်ဖို့ လန့်သွား၏။

လှည့်ကြည့်စရာမလို့ ကိုယ်ယောင်္ကျားရဲ့ကိုယ်သင်းရနံ့ကို ရလိုက်ရတာမို့ စိတ်အေးသွားသည်။

"အသံလေးဘာလေး ပေးပါလား?..လူကိုလန့်အောင်လို့"

အနောက်ကနေ သူအရပ်ကြီးနဲ့အနည်းငယ်ကုန်းပြီး တိမ်ယံပခုံပေါ်မေးတင်ကာ

"မင်းကကော ကိုယ်ဝင်လာတာမသိရအောင်လို့ ဘယ်တက္ကသိုလ်ကျောင်းသားကို လွမ်းနေတာလဲကွာ?... ဟမ့်"

တိမ်ယံ အသာရယ်လိုက်ကာ လုပ်လက်စကိုရပ်၍ အနောက်လှည့်ပြီး အစ်ကို့ကိုပြန်ဖက်လိုက်၏။

"လွမ်းစရာ ဘယ်တက္ကသိုလ်ကျောင်းသားမှ မရှိပါဘူး...ချစ်စရာ ဟောဒီက တိမ်ယံယောင်္ကျားကြီးပဲရှိတယ်"

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓Où les histoires vivent. Découvrez maintenant