Part [51]🌺

6.2K 193 2
                                        


နောက်နေ့တွင် သားကို ကားပေါ်တင်ကာ တိမ်ယံ ဦးအောင်မျိုး အိမ်သို့မောင်းထွက်ခဲ့သည်။

ဦးအောင်မျိုး အိမ်ရှေ့ရောက်တော့ သူ့ကားရပ်ကာ သားရဲ့လွယ်အိတ်သေးသေးလေးထဲ မုန့်နှင့်နို့တစ်ဗူးကို ထည့်ပေးရင်း

"နို့သောက်မယ်ဆို လူကြီးတွေကို ပြောပြီ ပြန်နွေးခိုင်းနော်...အေးဆက်ဆက်ဖြစ်နေရင်မသောက်ရဘူး။

"ဟုတ်"

"လူကြီးတွေက ထမင်းစားချိန်ဆို ကျွေးရင်စားရမယ်နော်။ဆော့ မမက်နဲ့"

"ဟုတ်ယဲ"

သူ့ လွယ်အိတ်သေးသေးလေးထဲ အကုန်ထည့်ပေးပြီး တိမ်ယံ သားကိုပေးလိုက်သည်။ဘုန်းခန့်လေးသည် တိမ်ယံပေးသော သူလွယ်အိတ်လေးကို ဂရုတစ်စိုက်နှင့်လွယ်လိုက်သည်။သူကားတံခါးဖွင့်ပေးလိုက်တော့ သေးသေးလေးက ဂရုစိုက်ဆင်းသွားသည်။

"တွားပီရော့ မေမေ"

"အင်း"

ခြံတံခါးနားတွင် ပေါ်လာသည့် လပြည့်လေးက ဘုန်းခန့်လေးကို မြင်တော့ ပြုံးပြလိုက်သည်။

"တိုတို ယဝင်း"

အခုထိ သူ့အမည်အမှန် မခေါ်တက်သေးသည် ဒီအငယ်လေးကြောင့် လပြည့်ကနေ လဝင်းတွေ ဖြစ်နေရသည်။

လပြည့်လေးက 16နှစ်ပြည့်ကာ တက္ကသိုလ်တက်ရန် ပြင်ဆင်နေသူဖြစ်ပြီ သူအိမ်မက်က ဦးဦးသူရိန်လို့ အင်ဂျင်နီယာကြီး ဖြစ်ချင်နေတာပါပဲ။သူမိဘများ ထိုအထိကျောင်းစရိတ်မထောက်ပံ့နိုင်။ကံကောင်းစွာနှင့် ထိုဟာကိုသိပြီး တိုးတက်မဲ့ အလာလာရှိသည့် ကလေးမို့ သူရိန်နှင့်တိမ်ယံတို့က ထိုကလေး၏ အလုပ်ဝင်ခွင့်ရတဲ့အထိ ထောက်ပံ့‌လိုသည်။

လပြည့်လေးက ဖြူဖြူချော‌ချောသန့်သန့်နှင့် လူချောလေး တစ်ယောက်ပင်။

လုံးလုံး လုံးလုံး နှင့်ပြေးလာသော ဘုန်းခန့်လေးကို အမြန် သူလှမ်းဖမ်းလိုက်ရင်း

"မပြေးနဲ့လေ ကလေးချော်လဲမှပေါ့"

"ဟီး ဟီး တားမှာ ဆူပါဖာဝါယွေ ယဲယေး"

သူ့ရယ်သာနေလိုက်ပြီး ကလေးငယ်ရဲ့ လွယ်အိတ်လေးကို ချွတ်ပြီး ကိုင်ပေးလိုက်သည်။

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓Où les histoires vivent. Découvrez maintenant