ကြီးကျယ်လှသော ဇိမ်ခံတိုက်အိမ်ကြီးရဲ့ အခန်းတစ်ခန်းတွင်၌
ဆေးလိပ်နံများစွာပြည့်နေ၍ ကြမ်းပြင်ပေါ်တွင်လည်း ရက်ပုလင်းများစွာကနေရာယူလို့ ထား၏။ အခန်းတစ်ခုလုံးတွင် အလင်းရောင်ဖောက်ဝင်၍မရလောက်အောင်ပင် အမဲရောင်ခန်းစီးကြီးများက အလုံးပိတ်ထားလို့နေသည်။
ထိုအခန်း၏ ခုတင်ဘေးက ဆုံလည်ကုလားထိုင်ပေါ်ရှိ လူတစ်ယောက်က ပျင်းရိလေးလံစွာ ဆေးလိပ်ကိုသောက်နေသည်၊
ဒေါက်! ဒေါက်! ဒေါက်!
အခန်းပြင်က တံခါးခေါက်သံကြောင့် ထိုင်ခုံပေါ်က ဆေးလိပ်သောက်နေသူက ဂရုမစိုက်သောအသံဖြင့်
"ဝင်ခဲ့!"
အခန်းထဲ ဝင်လာသူ့ကိုမကြည့်ပဲ ဆေးလိပ်ကိုဆက်သောက်ကာ ဦးမင်းသူသည်၊
"ဝင်လာပြီးရင်ပြောစရာရှိတာပြောလေ! မပြောဘဲ ငါ့ကိုလာကြည့်နေတာလား!"
ထိုအခါမှ ထိုလူက ပျာပျာသလဲနှင့်
"တောင်းပန်းပါတယ် ဘောစ့် "
"...."
"ကျွန်တော့်တို့ ဘောစ့် ပြောထားတဲ့အတိုင်း ဦးအောင်မျိုးရဲ့ စီးပွားရေးတွေ အဆင်ပြေပြီးလွယ်ကူချောမွေ့အောင် ဆောင်ရွက်ထားပါတယ်။ကျွန်တော့် လုပ်ငန်းတချို့နဲ့လဲ ချိတ်ဆက်ထားပါတယ်။ ပြီးတော့
ဘောစ့် လုပ်ခိုင်းတဲ့အတိုင်း စီးပွားရေးအဆင်ပြေအောင် လုပ်ပေးတာတယ်၊ ဘောစ့် ဆိုတာလဲမသိစေပါဘူး။ သူတို့ဟာသူတို့ အချိတ်အဆက်မိပြီး တိုးတက်လာတာလို့ဘဲ ဦးအောင်မျိုးက ထင်နေတယ်။"
"ဟုတ်ပြီ၊ ဒီကိစ္စဆက်ပြီးလုပ်ထား သူတို့ကမြင့်ကိုအရမ်းတက်ချင်နေကြတာ။ အဲ့တော့ ငါ့က ဆက်ပြီးမြင့်တင်ပေးရမှာပေါ့၊ ဒါမှ ငါ့လိုချင်တဲ့ အကျကိုရမှာ ...ဟက်!"
ထိုသို့ပြောကာ ဆေးလိပ်ကိုခက်ပြင်းပြင်းရှိုက်လိုက်သည်
"တိမ်ယံ သတင်းဘာထူးသေးလဲ?"
ဦးမင်းသူသည် ဒီကိစ္စမေးလိုက်တော့ ဘေးက တပည့်ဖြစ်သူမှာ တုန်ချင်နေတဲ့ဒူးကိုပင် မနည်းထိန်း၍
"ကျွန်တော့်တို့ လူတွေ မမလေးနောက်ဆုံးသွားခဲ့တဲ့ အိမ်ကနေစပြီး သတင်းအစကိုရှာလို့မသေးပါဘူး။ ဒါပင်မဲ့ ကျွန်တော့်တို့တွေ အစွမ်းကုန်လူအင်အားထက်ဖြည့်ပြီးရှာနေပါတယ် ဘောစ့်"
VOUS LISEZ
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓
Roman d'amour[U/Z] ဒီ ficသည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ ...
