ရှေ့နေကြီး ထွက်သွားသောအခါ ဒေဝီသီရီက
"ဟဲ့ မိကြွယ်!"
"ရှင်"
မိကြွယ်အပြေးလေးရောက်လာကာ
"ငါ့တို့အခန်းထဲက ခုတင်ဘေးမှာ လက်တော့ရှိတယ်... သွားယူပေးစမ်း"
"ဟုတ်ကဲ့"
မိကြယ်မြန်မြန်ယူမြန်မြန်ပေးကာ သွက်သွက်လေးထွက်သွားတော့၏။
သူ(မ) သခင်တွေက စိတ်ကြည့်တာမဟုတ် သူ(မ)ပါကြာက ဆူမခံနိုင်ပါ။
လက်တော့ ကိုရတော့ လင်မယားနှစ်ယောက်လုံး ပူးထိုင်ကာ ကဒ်ကိုထိုးလိုက်တော့သည်။
အမွေအကုန် ဟိုအကောင်ကိုပေးပြီး သူတို့ကိုပြတဲ့ သက်သေမခိုင်လုံလို့ကတော့ သူ(မ)အကြောင်း ကောင်းကောင်းသိစေရမယ်လို့ ဒေဝီသီရီက စိတ်ထဲက ကြိတ်ဒေါသပုန်ထနေသည်။
ကဒ်ထိုပြီးတဲ့ လက်တော့မျက်နှာပြင်တွင်အရင်ဆုံး ပေါ်လာသူက ဒေဝီထိပ်တင်ပင် သူ(မ)ရောက်နေသည်နေရာရဲ့အပြင်အဆင်ကိုကြည့်တာနှင့် ဆေးရုံအခန်းတစ်ခုဆိုတာ သိသာသည်။
ဒေဝီထိပ်တင်သည် ရောဂါနဲ့အသက်အရွယ်ကြောင့်သာမျက်နှာက ပရည်အနည်းငယ်တွန့်၍ ဖြူဖျော့နေတာကလွဲ မာန်အပြည့်ကင်မရာကို ကြည့်နေပုံက သူတို့အရှေ့တွင် သူ(မ)ထိုင်နေပုံလိုပင်ထင်ရတယ်။
ထိုအကြည့်ကြောင့် ဒေဝီသီရီကျောချမ်းကာ ကိုယ်တောင်တုန်းသွားသည်။
ထို့နောက် ဒေဝီထိပ်တင်ရဲ့အသံကထွက်ပေါ်လာသည်။
"ဟက်! ငါ့ထင်ပါတယ် ငါခွဲဝေပေးမှုကို မကျေနပ်ဘူးဆိုတာ"
ဒေဝီထိပ်တင်သည် လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
ဦးအောင်မျိုးကတော့ သူမိခင်စကားကြောင့် မျက်နှာကွက်ကနည်းပျက်သွား၏။
"ငါ့ကလဲ ငါ့အခုမှတ်တမ်းတင်ထားတာကို မင်းတို့ကိုအရမ်းကြည့်စေချင်ခဲ့တာ...ကြည့်များကြည့်ပါမလားလို့ပေါ့...ငါ့စိတ်ပူစရာမလို့ပါဘူး။မင်းတို့ကြည့်မယ်ဆိုတာ ကြိုတွက်ထားလိုလေ"
"ဒီဟာကို မင်းတို့ကြည့်ပြီးဆို ငါ့ခွဲပေးတဲ့ အမွေကို လက်မခံနိုင်လိုဆိုတာ သိပါတယ်...ကဲ့! ငါ့နောက်ထပ်ပြောမယ် စကားတွေအတွက် အောင်မျိုး မင်းစိတ်ခိုင်ပြီးလား..ဟမ်!"
YOU ARE READING
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓
Romance[U/Z] ဒီ ficသည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ ...
