မနက်ခင်းစောစောတွင်...
တိမ်ယံတစ်ယောက် မီးဖိုချောင်းတွင်တစ်ကုတ်ကုတ်နဲ့အလုပ်ရှုပ်လို့နေပါတယ်။
သူမနက်စားကို အစောကြီးနိုးနေ၍ ထပြင်ဆင်နေချင်ပင်။ အဘယ်ကြောင့်ဆို သူ
မနေ့ကညထဲကမအိပ်ပျော်ပေ... ။ဒီလိုအနမ်းခံရပြီ သူစိတ်ပါနေချင်ကိုလဲရှက်ပြီး။တစ်ခါမှ အခြားသူထိတွေ့ကိုင်တွယ်ချင်မခံဘူသောကြောင့် အစ်ကိုထွန်းမောင်ရဲ့အထိအတွေ့ကိုခံရပြီးတည်းက ရင်ထဲတစ်လှပ်လှပ်နှင့် နေမထိထိုင်မထိဖြစ်ကာ ညကနေအခုထိလုံးဝအိပ်ပျော်တော့ပါ။
ထိုကြောင့် မိုးမလင်းခင်ထပြီး အိမ်သားအားလုံးစားလို့ရအောင် ထပြီးစားစရာပြင်ဆင်လိုက်တော့သည်။
ဒီနေ့တိမ်ယံ အစ်ကိုဝယ်ပေးထားသည့် ဂါဝန်အင်္ကျီဒူးကျအဖြူလေးပေါ်အနီပန်းပွင့်သေးသေးတွေပုံဖော်ထားတဲ့ဂါဝန်လေးကိုဝတ်ထားကာ ဆံပင်လေးကို ခက်မြင့်မြင့်ချည်ထုံးထားလိုက်သည်။
မနက်စောစောမျက်နှာပြောင်နဲ့ဆို အရီးလေးစိတ်ကွက်မှာကြောက်တာကြောင့် ရှင်မတောင်သနပ်ခါးဘူးထဲက သနပ်ခါးပါးပါးလေးလူးထားလိုက်သည်။
သူအားလုံးပြင်ဆင်ပြီးသောအခါတွင် ဒေါ်လေးနဲ့အရီးတို့က အချိန်ကွက်တိ မီးဖိုချောင်းက စားပွဲရှိရာသို့ရောက်လာခဲ့တယ်။
ဒေါ်ရွှေခင်က စားပွဲပေါ်စားစရာတို့ကိုကြည့်၍
"အယ်!ကလေး အစောကြီးနိုးနေတာလား?...မနေ့ကမင်္ဂလာဆောင်မှာ ပင်ပန်းထားတာနားမှပေါ့ကွယ်"
"ရပါတယ်.. ဒေါ်လေးရဲ့ ဆက်မအိပ်ချင်တာနဲ့ ထလိုက်တာ။ ပြီးတော့ တိမ်ယံသိပ်မပင်ပန်းပါဘူး"
လိုအပ်တာလေးတွေဖြည့်ရင်း တိမ်ယံပြန်ဖြေလိုက်၏။
အရီးလေးက တိမ်ယံကိုကြည့်ကာပြုံး၍
" ဒီကလေးနဲ့ ဘာဒေါ်လေးလဲ ကိုယ်ခင်ပွန်းရဲ့အမေဆိုပင်မဲ့လည်း ယူပြီးသွားတော့ ကိုယ်အမေပဲပေါ့။ ဒေါ်လေး၊ဒေါ်လေးနဲ့ သူစိမ်းအရမ်းဆန်တာဘဲ။အမေအရင်းမဟုတ်ပင်မဲ့လဲ ယောက္ခမလည်း ကိုယ်အမေအရင်းနဲ့မခြားပါဘူး"
VOUS LISEZ
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓
Roman d'amour[U/Z] ဒီ ficသည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ ...
