ရုတ်တရက်အနမ်းကြောင့် တိမ်ယံခဏတာကြောင်အသွားရမှ ချက်ချင်းအသိဝင်လာကာ သူရှေ့က ဦးမင်းသူကို တွန်းထုတ်ပစ်လိုက်သည်။
အိထွေးသော နှုတ်ခမ်းတစ်စုံကိုထိမိသွားခိုက် မင်းသူသည် သူ၏နှလုံးသားပျော့ပြောင်းသွားသလိုခံစားရ၍ သူရှေ့ကလူသားလေးအပေါ်သူခွန်အားများ နူးညံ့သွား၏။
ကိုယ်ချစ်ရသူကို နမ်းရတဲ့ခံစားချက်က အရမ်းကောင်းလွန်းပါတယ်။
သတိလက်လွတ်ဖြစ်သွားသော သူ့ကို တိမ်ယံတွန်းထုတ်လိုက်မှုကြောင့် အနောက်သို့ အနည်းငယ်ခြေလှမ်းသွားသည်။
တိမ်ယံသည် ချက်ချင်းသူနှုတ်ခမ်းကို လက်များနှင့်ကြမ်းတမ်းစွာ သုတ်ပစ်လိုက်တယ်။
ဒါကိုကြည့်နေသည် မင်းသူက ဒေါသလည်းထွက်သွားသလို သူကိုယ်သူလဲအနည်းငယ်သနားသွားတယ်။
သူဘာကြောင့်များ အောက်ကျခံချစ်နေမိပါလိမ့်။
အသဲသန်သူနှုတ်ခမ်းကို ဖိပွတ်နေသော တိမ်ယံကို ကြည့်ကာ သူဒေါသကအစိုးမရထွက်လာကာ
"အဲ့လောက်တောင် ကိုယ်ကို ရွံ့နေလာ!"
တိမ်ယံက ဒေါသမျက်လုံးများဖြင့် မင်းသူကိုကြည့်ပြီး
"အရင်က ရွံ့ပဲရွံ့တာ အခုတော့ မသတီတော့ဘူး"
"ဟားးးဟားဟားး နွေဦးတိမ်ယံ!"
ဟားတိုက်ရယ်ပြီ အော်လိုက်သော အသံကြောင့် တိမ်ယံနှလုံးခုန်နှုန်းများ မြန်လာသည်။
အစ်ကို!
သူစိတ်ထဲ အစ်ကိုကိုသာ တမ်းတအော်ခေါ်မိသည်။
မင်းသူက တိမ်ယံဆီတလှမ်းဆီလျှောက်လာကာ
"မင်း ကိုယ်စိတ်ကိုအခါခါဆွနေတာ များပြီး တိမ်ယံ!"
"အား!"
တိမ်ယံလက်မောင်းကို ကြမ်းမတမ်းဆောင့်ဆွဲကာ သူရှေ့ဆွဲလိုက်သည်။
ထိုအချိန် အခန်းရှေ့တံခါးထံမှ အသံတချို့ထွက်ပေါ်လာသည်။
သူတို့နှစ်ယောက်လုံးရဲ့ အကြည့်က အခန်းတံခါးထံ ရောက်သွားသည်။
VOUS LISEZ
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓
Roman d'amour[U/Z] ဒီ ficသည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ ...
