Part [31]🌺

6.6K 226 1
                                        


တိမ်ယံသည် ဝိတ်တာလေးနဲ့ညွှန်ကြားချက်တိုင်း သန့်စင်ခန်းကိုရှာတွေ့ခဲ့သည်။

သည်ထဲတွင်သူတစ်ယောက်တည်းသာရှိ၍ မည်သူမှ မရှိတာကြောင့် စိတ်ကျဉ်းကျပ်မူရှိ လွတ်လပ်လို့နေ၏။

မျက်နှာကိုရေစက်လေးများနှင့်အနည်းငယ်တောက်လိုက်ပြီး ရေစိုခံတီရှူးလေးဖြင့်အနည်းငယ်သုတ်လိုက်သောကြောင့် လူကအနည်းငယ်ရွှင်လန်းတက်ကြွသွားသည်။

အရာအားလုံးပြီးသွားသဖြင့် သူသည်သန့်စင်ခန်းထဲကနေထွက်ရင်း အစ်ကိုဆီသူအပြင်ခဏထွက်သွားသည် အကြောင်းသတိမပေးမိတာသတိရသွားတယ်။

အစ်ကိုတော့ သူ့ကိုပျောက်လို့စိတ်ပူပြီး လိုက်ရှာမှာဆိုလို့ အသိပေးရန် ဖုန်းထုတ်လို၍ အစ်ကိုနံပါတ်မနှိပ်ခင် သူ့ဘဝရဲ့မေ့ပျောက်လုနီးနီးအသံကို ကြားလိုက်ရတယ်။

"တိမ်ယံ!!"

ခေါ်သံကြောင့် တိမ်ယံကိုယ်လေးတုန်တက်သွား၏။

ဦးမင်းသူသည် တိမ်ယံကို သည်လိုနေရာတွင် တွေ့မယ်လိုလုံးဝမထင်ထားပါ။သူဆေးလိပ်ဘယ်နှစ်လိပ်မှန်းမသိထိုင်သောက်နေပြီးမှ သူနားယူရန်အတွက် သောက်နေသော ဆေးလိပ်ကိုရပ်၍ အခန်းပြန်စဉ် နောက်ကျောပဲ မြင်ရုံနှင့်သူဘဝရဲ့ ပျောက်ဆုံးလုနီးပါဖြစ်နေသော နှလုံးသားတစ်စုံကို နောက်ကျောမြင်ရုံနှင့်တန်းမှတ်မိနေသည်။

ထိုသူ့လေးက သူ၏အသည်းညှာ 'နွေဦးတိမ်ယံ'ပင်။

"တိမ်ယံ!"

မင်းသူ၏ ဒုတိယအကြိမ်ခေါ်ဆိုမူတွင် တိမ်ယံသူအနောက်သို့ ဖြေးဖြေးလည့်ကြည့်လာသည်။

သူမြတ်နိုးမှုလေးကို တွေ့လိုက်ရတော့ ဦးမင်းသူတစ်ယောက် ပျော်ရွှင်ဝမ်းသာစိတ်နှင့် တိမ်ယံနားသွားကာ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်၍ စကားများအလျင်မြန်ဆိုလာသည်။

"ဟ! ကိုယ်သိတယ်။ မင်းဆိုတာ ဘယ်တွေပျောက်နေတာလဲ တိမ်ယံရယ် ကိုယ်လေ ကိုယ်..... "

သူ့ပြောမယ့် စကားများရပ်တန့်သွားသည် သူ၏အကြည့်များ တိမ်ယံအဖြူရောင်ဂါဝန်လေးအောက်တွင် ပူဖောင်းနေသော ဝမ်းဗိုက်လေးတစ်နေရာသို့ သူ၏မျက်လုံးများ အခြေချသွား၏၊ မင်းသူ၏ ပျော်ရွှင်သောအပြုံးများတစ်စတစ်ပျောက်ကွယ်လို့ လာသည်။

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓Donde viven las historias. Descúbrelo ahora