ရှော့ပင်းမောလ်ရဲ့ အောက်ဆုံးထပ်ရှိ ရတနာဆိုင်တွင် ဇွဲသူနဲ့ဖြူငြိမ်းတို့ မင်္ဂလာလက်စွပ်ရွေးပြီးသွားတော့။ ဇွဲသူမှာ ဘေးကလပ်စွပ်နှစ်ကွင်းကို သဘောကျပြုံးပြီးကြည့်နေသော သူချစ်သူလေးကို
"ဒါပြီးရင် ဘယ်သွားအုံးမှာလဲ?"
"အင်း ရုပ်ရှင်သွားကြည့်မယ်။ ပထမထပ်က လူသတ်အက်ရှင်ကားက ကောင်းတယ်တဲ့။ ကြယ်စင်ကကြည့်ပြီးပြီတဲ့ အသေမိုက်တာ၊လူသတ်တာလဲ ရှယ်ကြည့်ကောင်းတယ်တဲ့။ အဲ့ဟာ ဖြူလေးတို့လဲ သွားကြည့်ရအောင်လေ။"
ဖြူငြိမ်းရဲ့ အဖြေစကားပြန်ကြားလိုက်ရတဲ့
ဇွဲသူတစ်ယောက်မျက်နှာမှာ ချက်ချင်းအိုကျသွားတော့သည်။
မကြာခင်ဘဲစေ့စပ်ကြတော့မယ်။ကြည်ကြည်နူးနူးချစ်သူရည်းစားတွေလို့" ရို "မဲ့စိတ်ကူးလေးတောင် ဘယ်ဆီဘယ်ဝယ်ရောက်သွားမှန်းမသိတော့ဘူး။
တစ်ခါတခါစဉ်းစားမိပါတယ်...ငါရည်းစားထားတာလား။ သူငယ်ချင်းတစ်ယောက်ဘေးမှာခေါ်ထားတာလားလို့?။
ဟိုကောင်တွေပြောလဲပြောချင်စရာ ကိုယ့်ရည်းစားမှာ မိန်းကလေးနဲ့ ယောင်္ကျားလေးမှားမွေးလာသလားလို့တောင်ထင်မိတယ်။
ဒါတောင်ဟိုမျောက်လောင်းတစ်ယောက်မပါလာသေးလို့။ ဘယ်နှယ့်ချစ်သူချင် ချိန်းတွေ့တာကို သူ(မ)သူငယ်ချင်းကိုပါ အဖော်ခေါ်လာရတယ်လို့များ။အစမို့ထားပါတော့ နောက်တော့ ချိန်းတွေ့တိုင်းခေါ်လာတော့ ချစ်သူသက်တမ်းက၁လ၂လလဲမဟုတ်။ ၅နှစ်၆နှစ်ကိုမှ နှစ်ယောက်တည်း ချိန်းတွေ့တဲ့နေ့က လက်ချိုးရေလို့ လက်5ချောင်းတောင်မပြည့်ဘူး။
ကိုယ့်မှာ နှစ်ကိုယ်တူချစ်ကြည်နူးတီတီတူးချိန်ကိုမရ။ သူ(မ)တို့နှစ်ယောက်ပြောတဲ့ ဘယ်အလှကုန်ကောင်းကြောင်း၊ဘယ်ကားကောင်းကြောင်း၊ရပ်ကွက်တည်းကဘယ်သူဘာဖြစ်လို့ ဆိုတဲ့အကြောင်းနဲ့တင် တစ်နေ့ကုန်သွားကော။
ကြာတော့ တွေးမိတယ် သူ(မ)တို့တို့နှစ်ယောက်က Girl Loveဖြစ်ပြီး သူကိုယ့်သူအစစ်ကောင်လို့ထင်ပြီးမိတယ်။
ကိုယ့်နောက်မှ ရည်းစားမရှိဘာမရှိတဲ့ သူရိန်ထွန်းမောင်ကတောင် Roတက်သေးတယ်။
ВЫ ЧИТАЕТЕ
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓
Любовные романы[U/Z] ဒီ ficသည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ ...
