Part [35]🌺

7.6K 228 1
                                        

သားမွေးပြီးတစ်ပတ်ခန့်တွင် သားကလမစေ့ပဲမွေးလာပင်မယ့် ဘာရောဂါလက္ခဏာမှမရှိသောကြောင့် ဆေးရုံစောစောဆင်းရတယ်။ စိုးရိမ်လွန်းတဲ့ အစ်ကိုကတော့ သူ့ကိုရော၊သားကိုပါ၊စိုးရိမ်လို့ တစ်ပတ်ကျော်ကျော်ဆေးရုံမှာထက်နေလိုက်ရပြီးမှ အိမ်ပြန်ခွင့်ရတော့သည်။ စိုးရိမ်လွန်သော အစ်ကို့ကိုတော့ အပြစ်မမြင်ရပ်၍ သနားစိတ်‌တောင်ဝင်မိသည်။

ဒီဖြစ်ပျက်က အစ်ကိုကိုစိုးထိတ်သွားစေသောကြောင့်ပင်။

အိမ်ရောက်တော့ ကလေးပစ္စည်းဘာမှဝယ်စရာမလို၊ အစ်ကိုသူ့သူငယ်ချင်းအုပ်စုက သူဆေးရုံဆင်းလို အိမ်ရောက်တုန်း ပစ္စည်းအစုံလင်နှင့်ရောက်ချလာသည်။

တိမ်ယံမှာ ရင်ထဲနွေးထွေးသွားကာ ပြောစရာစကားပင်မရှိတော့ပါ။လောကမှာ ဒီလိုအသိမိတ်ဆွေမျိုးရဖို့တင်ခ က်ခဲတယ်မဟုတ်လား။

ရက်သားလေး သားကိုဝိုင်းချီချင်ပင်မယ့် အသားလေးတွေနာသွားမှာဆိုးလို့ သစ်သားပုခက်ထဲကသားကိုပဲ ဝိုင်းကြည့်ကာ ပါးလေးတို့လိုက် လက်ကလေးကိုင်လိုက်နှင့်ချော့မြှူပြီး ပြန်သွားကြသည်။

ဖြူလေးကတော့ မပြန်ချင်ရှာပါ။ ကလေးကို သံယောဇဉ်မပျက်ကြည့်နေသောကြောင့်
သသူ(မ)ယောင်္ကျားဇွဲသူက ဆွဲခေါ်သွားရတယ်။

ညဘက်တွင် တိမ်ယံတို့အခန်းလေးထဲ စကားသံနှင့်ကလေးမြှူသံများ ပဲ့တင်နေ၏။

ဒေါ်ရွှေခင်သည် ပုခက်ထဲက သူ(မ)မြေးလေးကိုကြည့်ကာ

"အိုး...မြေးက ဘွားကိုရယ်ပြနေတာလား"

ပုခက်ထဲက ကလေးငယ်သည် သူရှေ့က လူကိုပြူးကြောင်ကြောင်ကြည့်၍ လက်ဟန်လုပ်ပြနေသောအမူရာကြောင့် ပြုံးရယ်လာသည်။

"ခစ်! ခစ်!!"

"အိုတော် ငါ့မြေးကချစ်ဖို့ကောင်းလိုက်တာ အသည်းယားလွန်းလို မင်းကို အဘွားဖက်နမ်းမိတော့မယ်"

ခုတင်ပေါ်က တိမ်ယံကတော့ ဖြူလေးတို့ပေးသွားသော ကလေးအဝတ်စားများကိုသေချာခေါက်ရင်း အမေနှင့်သားလေးအသံကို နားထောင်းကာ ပြုံးလိုက်တယ်။

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓Donde viven las historias. Descúbrelo ahora