အစ်ကိုက သူကိုမစောင့်ဖို့ပြောထားပင်မယ်လည်း တိမ်ယံကတော့မျှော်နေမိသည်။
အိပ်ချင်ပြေအောင် ရေချိုးခန်းထဲမျက်နှာပြေးပြေးသစ်ရတာလည်း ဘယ်နှစ်ခါမှန်းမသိတောပါ။သူ့ဘေးတွင် ဗိုက်ကလေးပေါ်အောင် အိပ်နေသည်သားကိုကြည့်ကာ တိမ်ယံပြုံးပြီး သား၏ဗိုက်လေးကိုငုံ့နမ်း၍ သူအင်္ကျီလေးပြန်ဖုံးပေးလိုက်တယ်။
မအိပ်ချင်ပင်မယ် သားလေးဘေးလှဲကာ အသာမှေးနေရင်း အိပ်ပျော်မိသွား၏။
သူရိန်အိမ်ပြန်ရောက်တော့ 1နာရီခွဲလုနီးပါပဲ။ကားသော့ချိတ်ကာ ခုတင်ပေါ်ကသူ့၏အမောပြေလေးများကို ကြည့်ရင်းပြုံးလိုက်တယ်။သားဘေးနားမှာ ကွေးကွေးလေးကွေးအိပ်နေသည် တိမ်ယံကြည့်ပြီးပြေးထွေးပွေ့ချင်စိတ်ကတားမရ။
တစ်နေ့လုံးရဲ့ချွေးနံများကြောင့် တိမ်ယံနားကပ်ချင်စိတ်ကိုထိန်းကာ ရေချိုးခန်းထဲဝင်သွားလိုက်သည်။
ရေချိုးခန်းထဲက ရေကျသံကြောင့်အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသည် တိမ်ယံအပြည့်ဝနိုးသွားလာတယ်။
အစ်ကိုပြန်လာပြီးလား?
သူတို့ကားသော့ချိတ်သည့် နေရာကိုကြည့်လိုက်တော့ အစ်ကိုကားသော့ကိုတွေ့ပြီး အစ်ကိုပြန်လာပြီးဆိုတာ သူသိလိုက်သည်။တစ်နေလုံးမတွေ့ရတဲ့သူ့မို့ အကဲပိုကာ သူ့လွမ်းမိပါတယ်။
ထိုကြောင့်ဘေးက နှစ်ခြိုက်စွာအိပ်ပျော်နေသော သားကိုအသာပွေ့ကာ သူ့၏ကလေးပုခက်(ခုတင်)ပေါ်သွားတင်ပေးလိုက်ပြီး ပြုံး၍၊သား၏ ပါးလေးကိုအသာပွတ်ပေးလိုက်၏။
"ဖေဖေကို ခွင့်လွှတ်ပါသားရေ၊ဒီနေ့တော့ တစ်ယောက်တည်း အိပ်လိုက်တော့နော်"
သူ့တိုးတိတ်စွာဆိုရင် ခုတင်ပေါ်သွားထိုင်ကာ အစ်ကိုထွက်လာကို စောင့်နေလိုက်သည်။
သူရိန်သည် ရေချိုးပြီး ခါးကိုတဘတ်တစ်ထည်ဖြင့် ပက်၍ထွက်လာသည်။ခုတင်ပေါ်ထိုင်နေသည် တိမ်ယံကိုမြင်ပြီး၊ကလေးပုခက်(ခုတင်)ထဲက သားကိုကြည့်ကာ သူမျက်ခုံပင့်လိုက်၍ ဘာမှာမသိသလိုလေးနှင့်
YOU ARE READING
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓
Romance[U/Z] ဒီ ficသည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ ...
