စိတ်ကျန်မာရေးအထူးကုဆေးရုံ၏ ပန်းခြံလေးတစ်ခုတွင် စိတ်ရောဂါခံစားနေရသောလူနာများနှင့် သူနာပြုတချို့၏။ လှုပ်ရှားသွားလားနေပြီး။ သစ်ပင်တစ်ခုအောက်ရှိထိုင်ခုံပေါ်၌ လူတစ်ယောက်သည် ငေးငိုင်စွာထိုင်နေကာ လောကကြီးနှင့်အဆက်သွယ်ပျက်နေသည်လား...သူပတ်ဝန်းကျင်ကလှုပ်ရှားမှုအရာများပေါ်နည်းနည်းလေးမှ စိတ်ခံစားမူမရှိပေ။
ထိုအမျိုးသားနှင့် ခပ်လှမ်းလှမ်းနေရမှ လူတစ်စုက လှမ်းကြည့်နေခဲ့သည်။
တိမ်ယံသည် သူနှင့်မလှမ်းမကမ်းက ဖခင်ဖြစ်သူကိုစကားတစ်လုံးမှမပြောပဲ လှမ်းကြည့်နေသည်။
သူရိန်က တိမ်ယံ၏နောက်နှစ်လှမ်းလောက်အကွာတွင် သားကိုချီ၍ရပ်နေကာ တိမ်ယံကြည့်သောလူကိုသူလဲကြည့်နေမိသည်။
ထိုအမျိုးသားက သူ့ချစ်ရသောသူ့ကို လူလောကထဲခေါ်ဆောင်ခဲ့လို့ သူရိန်ကျေးဇူးတင်မိရုံကလွဲ ဘာဝေဖန်ချက်မှမရှိပါ။
သူတို့၏ဘေးတွင် ငယ်ရွယ်သောဆရာဝန်တစ်ယောက်ရှိနေကာ သူ့က သူရိန်တို့၏တိတ်ဆိတ်နေသော လေထုကိုဖြိုခွဲလိုက်သည်။
"ဒီလူက ကျွန်တော်တို့ဆီရောက်တော့အခြေအနေတော်တော်ဆိုးတယ် အရူးတစ်ပိုင်းလိုကိုဖြစ်နေတာ စိတ်လဲထထဖောက်တယ်။ အလွယ်တကူနားလည်နိုင်အောင် အရပ်စကားနဲ့ပြောရရင်တော့ သူမှာ လက်မခံနိုင်စရာအကြောင်းတစ်ခုခုရှိခဲ့လို စိတ်ဖိအားတွေအရမ်းများပြီး ဦးနှောက်ကလုပ်ဆောင်ချက်တွေ ခဏရပ်တန့်လိုက်ပြီး လွတ်ထွက်သွားသလိုဖြစ်သွားတာ။အခုတော့အရင်ထပ်စာရင် သူ့အများကြီးပိုကောင်းလာတယ်။ထဖောက်တာတွေလဲမရှိတော့ဘူး။သူဦးနှောက်က ဖိအားတွေ တစ်ဖြေးဖြေးပြန်ရှင်းလင်းနေတယ်လို ဆိုရမှာပေါ့ဗျာ...ငေးငိုင်နေတာကလွဲ သူအရာအားလုံးပြန်အဆင်ပြေနေပါပြီ။ သိပ်မကြာခင်တောင် သူဆေးရုံက ဆင်းချင်ဆင်းရတော့မှာ"
ဆရာဝန်လေးက သူ့၏ပါဝါထူထူမျက်မှန်ကိုပင့်ကာ သူတို့ကိုသေချာရှင်းပြနေသည်။
တိမ်ယံသည် အဝေးကသူ၏ဖခင်ကိုကြည့်နေပင်မယ့် ဆရာဝန်ပြောသောစကားများကိုလည်းနားထောင်နေခဲ့သည်။
YOU ARE READING
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓
Romance[U/Z] ဒီ ficသည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ ...
