ထိုအကြောင်းအရာသည် ရက်နည်းနည်းကြာတော့ တိမ်ယံမေ့မေ့ပျောက်ပျောက်ရှိသွားခဲ့သည်။
"မေမေကယဲ နောက်မှာချိုးပါစို"
"မရဘူး မင်းအတော် ကဲပါလာ"
"ကဲပါဝူး"
တစ်ကိုယ်လုံးပေတူးနေသည် ဘုန်းခန့်လေးကို တိမ်ယံရေချိုး ပေးနေရသည်။ ရွာရောက်ပြီးတည်းက မနက်မိုးလင်းကနေ နေ့လည်အထိ အိမ်မကပ် ရွာပေါက်စိကလေးတစ်အုပ်နှင့် ပတ်ဆော့နေတော့သည်။အခုလည်း ဘယ်ကနေ ချော်လှဲလာလဲ မသိ။ ဒူးနှင့်လက်ဖဝါးလေးတွင် ပွန်းပဲဒဏ်ရာတွေနှင့် ပြန်ရောက်လာသည်။
"မင်း ဒါတွေမနားဘူးလား ပြော"
သူလက်ဖဝါးလေးထဲက ဒဏ်ရာလေးကို တိမ်ယံထိုးပြလိုက်တော့ ခေါင်ခါကာ
"တားက ပါဝါဒွေရှိယဲ"
တိမ်ယံ ဆက်မပြောပဲ လက်လျော့လိုက်တော့တယ်။
တစ်ကိုယ်လုံးပြောင်စင်အောင် ရေချိုးပေးပြီး အချိန် မသူဇာဆီက ဖုန်းဝင်လာလို့ သားကိုအစ်ကိုဆီပေးပြီး တိမ်ယံက မသူဇာ ဆိုင်ကလိုအပ်တာကို တိမ်ယံဆီပြောပြတာဖြစ်။
ထိုအချိန် အခန်းထဲက သားရဲ့အသံကျယ်ကြီး ကြားလိုက်ရတော့ တိမ်ယံလန့်ကာ ပြေးသွားလိုက်သည်။
သားက သူ့ဖွားလေးပေါ်တွင် ဖင်ပြောင်လေးနှင့်ငိုနေကာ အမေကတော့ အစ်ကိုကျောကို ချနေသည်။
"သား ဖြေးဖြေးလေး ထည့်ပေးလိုက်တာပါ အမေရာ"
ဒေါ်ရွှေခင်က သူရိန်ကျောကို ထပ်ချကာ
"မင်းနားမလည်ဘူးလား ကလေးက ငယ်သေးတယ် ချောမော့ပြီး အရက်ပြန်ထည့်ပေါ့ မင်းဘယ်လောက်ထည့်လိုက်လိုလည်းမှ မသိတာ"
အဲ့တော့ သားဆေးထည့်ရင်း ဖြစ်တဲ့ကိစ္စမှန်းသိပြီး သူယောင်္ကျားကိုကြည့်ပြီး သနားပင်မယ့်လည်း သူရယ်မိတော့သည်။
ထိုနေ့ နေ့လည်တွင် ကလေးများကို သူရွှေရင်အေးမုန့်လက်ဆောင်လေး လုပ်တိုက်ပြီး ပိုနေတာများကိုလည်း အနီးနားကအိမ်ကတချို့ကို အစ်မဝေဝေနဲ့ လိုက်ဝေဖြစ်သည်။ တစ်အိမ်ကို ခွက်ကြီးကြီးနဲ့ လိုက်ပေးရင်း သူတို့အိမ်ရှေ့အိမ်ကို တိမ်ယံ သွားပို့လိုက်သည်။
VOUS LISEZ
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓
Roman d'amour[U/Z] ဒီ ficသည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ ...
