စိုးရိမ်မှုအပြည့်ဖြင့် ဒေါ်ရွှေခင်တစ်ယောက် ဆေးရုံသို့ရေးကြီးသုတ်ပြာရောက်ရှိလာသည်။
သူ(မ) အိမ်တွင်သူရိန်ဆီကဖုန်းလက်ခံရရှိချိန်က သား၏ အက်ကွဲစိုးရိမ်နေသောသံနှင့် တိမ်ယံမွေးခန်းထဲရောက်ရှိနေသောအကြောင်း သိရချိန်တွင်ထိပ်ထိပ်ပြာပြာဖြစ်ခဲ့ရသည်။
သူ(မ) ဆေးရုံကိုရောက်ရှိချိန်တွင် မှိုင်ထွေသောမျက်နှာဖြင့် ကြောင်ငေးသော သားပုံစံကို မြင်လိုက်ရသဖြင့် မိခင်တယောက်ရဲ့နှလုံးသားကို ဆွဲညှစ်သလို ခံစားသွားခဲ့သည်။
"သား...သူရိန်"
ခေါ်သံကြောင့် သူရိန်ခေါင်းထောင်ကြည့်ကာ အက်ရှသောအသံနှင့်
"အမေ!"
ကလေးငယ်ပမာ မိခင်ကိုတွေ့တော့ သူရိန်ငိုချင်လာသည်။ သူရင်ထဲ တိမ်ယံကိုဆုံးရှုံးရမှာကြောက်စိတ်က ကြီးစိုးလိုမျက်ရည်အဖြစ်ကျချင်လာ၏။
သူ့ တိမ်ယံကို ကာကွယ်ပါမယ်လို့ ဂတိပေးခဲ့တယ်၊ ဒါပင်မယ် သူတိမ်ယံကို မကာကွယ်နိုင်သလို ထိခိုက်နာကျင်နေတာကိုလဲ ဘာမှမလုပ်နိုင်ပဲ ကြည့်နေမိခဲ့ရသည်။
သူ အတော်အသုံးမကျတဲ့ ကောင်ပဲ!! မင်းက ကိုယ်ချစ်ရတဲ့ သူကိုယ်တောင် မကာကွယ်၊လုံခြုံမှုမပေးနိုင်တဲ့ ကောင်!
ဒေါ်ရွှေခင် သူ(မ)သားအနားသို့သွားကာ ကြည့်မိတော့မျက်နှာတွင် ဒဏ်ရာဒဏ်ချက်များဖြင့် တွေ့ရသည်
"ဘာဖြစ်တာလဲ?... မျက်နှာကဘာကြောင့် ဒဏ်ရာရထားတာလဲ?"
"ဘာမှာမဖြစ်ဘူး နည်းနည်းထိခိုက်မိတာ"
"ဘာ..ဘာမှာမဖြစ်ရမှာလဲ...! ဒီဒဏ်ရာတွေက နည်းနည်းထိခိုက်မိတဲ့ ဟာလို! ဘယ်သူကိုလာလိမ်နေရတာလဲ! မင်း!"
သူရိန်ဘာမှာ ပြန်မပြောပါ...
"ဆရာဝန်တွေက ဘာပြောလဲ?"
"ကိုယ်ဝန်က လမစေ့ပဲရေမွှာပေါက်တာဆိုတော့ စိုးရိမ်ရတယ်တဲ့"
"ဘယ်ကြောင့် ရေမွှာကပေါက်သွားရတာလဲ? မနက်ကထွက်သွားတုန်းကတောင် အကောင်းပါ။"
ထိုအကြောင်းအရာကို မပြောချင်တဲ့အလား သူရိန်နှုတ်ဆိတ်နေသည်။
ESTÁS LEYENDO
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓
Romance[U/Z] ဒီ ficသည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ ...
