Part [50]🌺

6.8K 207 3
                                        

နှစ်လရာသီတွေ အသီးသီးပြောင်းလဲကုန်ကြ၍ ဘုန်းခန့်လေးကလည်း 2နှစ်ကျော်ကျော်ပင် အရွယ်ရောက်လာပြီး စကားများ တီတီတာတာကို ချစ်စဖွယ် မနားတမ်းပြောဆိုတက်နေပြီ။မျက်စိရှေ့တွင် အရွယ်ရောက်သည့် ဘုန်းခန့်လေးရဲ့ ချစ်ဖို့ကောင်းပုံများကိုကြည့်ကာ ဇွဲသူတစ်ယောက် ကလေးအရမ်းလိုချင်နေမိသည်။

ငယ်သေးလိုဆိုတဲ့ အကြောင်းပြချက်ကြောင့် ကလေးမယူချင်ပဲ ရှောင်ပြေးနေတက်သည်။ ဖြူလေးကိုတော့ ဇွဲသူက တွန်းအားမပေးပင်မဲ့ ဘုန်းခန့်လေးရဲ့တီတီတာတာပြောပုံကို ကြည့်ပြီ ကလေးရူးရူးနေသည် သူ(မ)ယောင်္ကျားပုံကို မကြည့်နိုင်တော့တဲ့ ဖြူလေးက မွေးပေးဖို့သာ ဆုံးဖြတ်လိုက်ပြီး ကလေးယူလိုက်သည်။

မိန်းမဖြစ်သူ ကိုယ်ဝန်ရှိနေပြီးဆိုတာ သိလိုက်တည်းက ဇွဲသူက မိုးပေါ်ပျံတက်,မတက် တစ်ရုံးလုံး ကြွားလုံးဆို့ခံရပါတော့တယ်။

ထိုအထဲ လူပျိုသိုးကြီးနှစ်ယောက်ဖြစ်တဲ့ ဥက္ကာဦးနှင့်မင်းခကတော့ အမြဲတ‌စ်စေ နားမဒိန်းကျင့်ခံရသူများ ဖြစ်ကြသည်။ထိုနှစ်ယောက်သည် ဇွဲသူကိုမြင်တိုင်း အရိပ်မမြင်ရအောင်ထိ ပတ်ပြေးနေရသည်က ထိပ်တန်းဦးစားပေးဖြစ်လို့နေသည်။

ဖြူလေးကတော့ ကိုယ်ဝန်ရှိတည်းက သူ(မ)အလှများပျက်စီးသွားပြီး ဝလာသည်ဟု၍ ငိုချမတက် တိမ်ယံဆီလာကာ ဘုန်းခန့်လေးကို မွေးတုန်းက ဘယ်လိုအလှပထိန်းသိမ်းခဲ့လဲဆိုကို စာနဲ့ရေးမှတ်ဖို့ ရောက်လာခဲ့သည်။

ထိုဟာကိုကြည့်ပြီး တိမ်ယံမှာ ရယ်ရမလို၊ငိုရမလိုပင်။သိပ်မကြာမီတွင် ဇွဲသူနှင့်ဖြူလေးတို့က သမီးဦးလေးတစ်ယောက်ကို မွေးဖွားခဲ့သည်။

30ကျော်မှ ပထမဆုံးအဖေဖြစ်ခွင့်ရသွားသည် ဇွဲသူက သူ့သမီးလေးကို ပထမဆုံးချီရချိန်၌ ချုံးပွဲချငိုလို သူမိခင်ဖြစ်သူရဲ့အခန်းပြင် ကန်ထုတ်ခံရလိုက်လို့ နှာပိစုတ်လေးပမာ ဆေးရုံအခန်းရှေ့ ရပ်နေရသည်က ဥက္ကာဦးနဲ့မင်းခတို့ရဲ့ တစ်သက်ပြောမပြီးစရာ ဟာသတစ်ခုဖြစ်လို့သွားသည်။

တိမ်ယံတို့လည်း ကလေးငယ်လေးကို သွားကြည့်ဖြစ်သည်။ကလေးသည် သူ(မ)မိခင်လိုပင် ချစ်စရာအတိလေးပါ။ သူ(မ)ကို လာကြည့်သူများကို ပြုံးရယ်တက်ပြီး မျက်နှာရွှင်သော သမီးလေးပင်။

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓Où les histoires vivent. Découvrez maintenant