Part [23]🌺

7.2K 265 2
                                        

ကလေးက သားလေးဆိုတည်းက သူရိန်ထွန်းမောင်နဲ့ဒေါ်ရွှေခင်တို့သားမိနှစ်တစ်ယောက် ကဲသဲနေတော့တာပဲ။

သူရိန်ကတော့ အဆိုးဆုံးပေါ့။ဘာလို့ဆို သမီးလေးသာဖြစ်ခဲ့ရင် သူမှာမျောက်မီးခဲကိုင်ထားရသလိုဖြစ်နေတော့မှာ သူသမီးအရွယ်ရောက်လာလို့ အခြားသူတွေကြည့်မှာ သူကိုစနောက်ပြီး ယောက္ခကြီးလို့ခေါ်မှာတွေ သူသမီးလေးရည်စားရမှကို ကြိုတွေးပြီး သဝန်တိုလွန်းလို့ သူရိန်တစ်ယောက်သွေးတက်နေပါတော့၏။

ဒါကိုသိသွားတဲ့ တိမ်ယံကတော့ အူတက်အောင် ရယ်မိတော့သည်။ တကယ်သမီးလေးသာဆိုရင်တော့ အစ်ကိုရဲ့ပုံစံမှာ ရဲတိုက်ထဲကမင်းသမီးလေးကိုစောင့်ရှောက်နေတဲ့ နဂါးကြီးပုံမြင်ယောင်ကာ ထပ်ရယ်မိတော့တယ်။

....

📞"အင်း...တိမ်ယံဖြစ်တာမဟုတ်ပါဘူး၊ အမေဖြစ်တာ လူကြီးဆိုတော့ နည်းနည်းမှားတာနဲ့နေမကောင်းကဖြစ်လွယ်တယ်လေ။ အိမ်မှာတစ်ယောက်တည်း စိတ်မချလို့ တိမ်ယံ ဒီနေ့မလာဘူး မသူဇာ။ဆိုင်ကိုတစ်ချက်ကြည့်ပါအုံးနော်"

📞"..."

📞"ကောင်ပါပြီ။ ကျေးဇူပါနော် မသူဇာ"

📞"..."

📞"ဒါဆို ဒါဘဲနော် တစ်ခုခုဆို တိမ်ယံကို ဖုန်းခေါ်လိုက်။"

တိမ်ယံမှာစရာတချို့မှာကာ ဖုန်းချလိုက်၏။

"အဆင်ပြေလား?"

မတ်တပ်ရပ်၍ အင်္ကျီကြယ်သီးတပ်နေသော
သူရိန်က ခုတင်ပေါ်တွင် ညဝတ်အင်္ကျီနဲ့ထိုင်ပြီးနေသည့် တိမ်ယံကိုကြည့်ကာ မေးလိုက်သည်။

"အင်း ပြေတယ်"

တိမ်ယံ ခုတင်ပေါ်ကဆင်းပြီး အလုပ်သွားဖို့ အသင့်ဖြစ်နေသော အစ်ကိုရှေ့ရပ်ကာ တပ်ရန်ကျန်သောပေါ်ဆုံးက ကြယ်သီးများကို တပ်ပေးလိုက်တယ်။

သူရိန်ကတော့ တိမ်ယံလုပ်ပေးတာ ပြုံးပြုံးကြီးနဲ့ ငြိမ်ခံနေလိုက်သည်။

အားလုံးပြီးသွားတဲ့အခါ သူရိန်ကားသော့ကို ယူလိုက်ပြီး တိမ်ယံဆီပြန်သွား၍ နဖူးပြေပြေလေးကို အကြာကြီးငုံ့နမ်းလိုက်၏။

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓Où les histoires vivent. Découvrez maintenant