Part [25]🌺

8.2K 256 2
                                        

တိမ်ယံရောက်လာတဲ့ ထိုနေ့ကစ သူရိန်အမြဲအနှောက်အယှက်ဖြစ်ရပါသော နဒီနှင့်ခင်ထားတို့သည့် သူဆီမလာဖြစ်တော့ပါ။

လာခဲ့ရင်လဲ နဒီတစ်ယောက်တည်းလာကာ အလုပ်ကစ္စပဲပြောပြီး အရင်ကလို့အခြားဘာကြောင်းအရာမှမပြောဘဲပြန်သွားလေ့ရှိသည်။

ဒါကသူအတွက်အရမ်းကိုကောင်းတဲ့ကိစ္စပါ။မမြင်ရတော့ အကုသိုလ်မပွားရတော့ဘူးပေါ့။ အလုပ်နဲ့ကိုယ်ရေးကိုယ်တာခွဲခြားထားလို့သာ ခင်ထားကို သူရိန်'ကျုပ်နဲ့လာမပတ်သက်နဲ့'ဆိုသော စကားကိုပြောချင်လွန်းလို့ အတော်ထိန်းထားရတယ်။

ဆောင်းရဲ့မနက်ခင်းအလှများဖြစ်သော နှင်းရည်စက်ကလေးများက အပင်များပေါ်တွဲခိုနေသဖြင့် ခြံဝန်းထဲက သစ်ပင်ပန်းပင်များကစိမ်းလန်းစိုပြေနေ၍ မနက်ခင်းရဲ့သာယာ‌အေးချမ်းမူကို ဆောင်ကြင်လို့နေ၏။

တိမ်ယံ ဗိုက်ကလေးသည် (5)လကျော်ကျော်ကိုရောက်ရှိလိုလာသဖြင့် အရင်ကထပ် ဗိုက်လုံးလေးက ပိုထင်ပြီးပိုပေါ်လို့လာသည်။

အခန်းထဲတွင် ချမ်းစိမ့်စိမ့်လေးဖြစ်လို့ အိပ်ပျော်နေရမှာ တိမ်ယံနိုးလို့လာသည်။
သူမျက်လုံးဖွင့်ပြီး ‌သူတို့ခုတင်ခေါင်းရင်းက ပြတွင်းပေါက်သို့ တစ်ချက်လှမ်းကြည့်မိသည်။

မိုးအနည်းငယ်သာလင်းသေးကြောင်းတွေ့လိုက်ရ၏။နာရီကြည့်တော့ 5ခွဲသို့ရောက်တာနေပြီ

ဒီအချိန်က အရင်ကဆိုသူအတွက်အရမ်းနောက်ကျပင်မဲ့ အခုတော့သူအတွက်အရမ်းစောလို့နေပါတယ်။ အဲ့တော့ပြန်အိပ်ဖို့ပြင်လိုက်တယ်။

ကိုယ်ဝန်လေးတစ်ဖြေးဖြေးရင့်လာလေ တိမ်ယံအမြဲအိပ်ချင်လေ။ အပျင်းကလည်း'တစ်'လာသလားမမေးနဲ့ ထိုင်တာဖြစ်ဖြစ်၊လှဲလိုက်ပြီးဖြစ်ဖြစ် ဘာလုပ်မှကိုထမလုပ်ချင်တော့တဲ့အထိ။

သူခြေဖျားများချမ်းစိမ့်စိမ့်ဖြစ်နေလို့ စောင်ဆွဲယူဖို့ပြင်တုန်း သူနောက်ကျောကလူက သူဗိုက်ကလေးမထိအောင် သူကိုသေချာဖက်ပြီးအိပ်မောကျလို့နေ‌တာတွေ့တော့ သူမလှုပ်တော့ပဲနေလိုက်တယ်။သူပြန်မှေးနေကာ သူဗိုက်ပေါ်က အစ်ကိုရဲ့ရှည်သွယ်နေသောလက်ချောင်းလေးနှင့်လက်ဖဝါးတို့ကို ဟိုကိုင်ဒီထိနှင့် တို့ထိနေရာ။

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓Место, где живут истории. Откройте их для себя