သူတို့ ထိုရွာလေးကိုရောက်တာ နှစ်ရက်မျှသာရှိသေးသည်။ဘုန်းခန့်လေးကတော့ ထိုရွာက သူ့နှင့်အသက်ရွယ်တူ ကလေးများအုပ်စုနဲ့ ငယ်ပေါင်းကြီးဖော်များကဲ့သို့ ဖြစ်ပြီးရွာပတ်ဆော့ကစားတက်နေပြီ။ကိုယ်အရပ်ဒေသနှင့်စိမ်းနေသောကြောင့် တိမ်ယံကစိုးရိမ်ပင်မဲ့ အမေနှင့်အစ်ကိုက ဒီရွာကိုတစ်စိမ်းမဝင်နိုင်ပဲ...ကလေးငယ်များ ဝေးဝေးလှမ်းလှမ်းမဆော့နိုင်ကြောင်းကို ဆိုတော့မှ စိတ်မချတစ်ချဖြင့် လွတ်ထားလိုက်ရသည်။
တိမ်ယံနောက်တစ်ခု သိလိုက်ရတာက အစ်မဝေတို့ မိသားစုလေးက အရီးလေးရဲ့ခေါင်းရင်း ခြံဘက်မှာ နေတယ်ဆိုတာပါပဲ။တစ်ကောင်ကြွက်ဖြစ်သည် ကိုမြတ်ကျော်ကို အရီးလေးကမွေးစားထားပြီး ကိုမြတ်ကျော်က အစ်မဝေနဲ့ယူလိုက်တော့ ကျယ်ဝန်းလှတဲ့ ထိုခြံကြီးရဲ့ အရှေ့ဘက်ခြမ်းကို ပေနှစ်ဆယ်ခန့်ခြမ်းကာ ကိုမြတ်ကျော်တို့လင်မယားကို ပေးထားလိုက်တယ်။ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ဟိုအိမ်ဒီအိမ်ကူရ လွယ်ကူကာ အရေးအကြောင်းဆို ပြောရဆိုရလွယ်ကူပေးသည်။
"အရီးလေးရေ...အရီးလေး"
"ဝေ့! ဘယ်သူလဲ"
ဒေါ်ခင်လှကြည့်ကသည် အိမ်ထဲ တံမြက်စည်းလှည်းရင်း ခေါ်သံကြောင် အိမ်ပေါက်ဝကနေ ခြံပြင်လှမ်းကြည့်လိုက်သည်။
"သမီးတို့ ရွှေရည်နဲ့ခွာညိုတို့ပါ"
"အော် သမီးတို့လာလေ"
အိမ်ထဲသို့ရွယ်တူ မိန်းမပျိုလေးနှစ်ယောက် ဝင်လာကြသည်။
နှစ်ယောက်လုံးသည် ချောမောကာ တောင့်တင်းသည် ခန္ဓာကိုများရှိကြ၏။
ရွှေရည်သည် အသားနည်းနည်းဖြူကာ ခါးအထိရှည်သော ဆံနွယ်လေးများကိုပိုင်ဆိုင်ထားပြီ၊ကျန်တစ်ယောက်ဖြစ်သော ခွာညိုကတော့ ရုပ်ရည်အသင့်သင့်ရှိကာ ညိုညက်ညက်အသားရေလေးနှင့်သွပ်လက်ဖျက်လက်ကာ သူ(မ)သည်လည်း ခါးအထိရှည်လျားသော ဆံပင်များကို ပိုင်ဆိုင်ထားသည်။
ခွာညိုက စပ်စုဟန်ဖြင့် ခြံထဲဝေ့ဝိုက်ကြည့်လိုက်သည်။
အိမ်ပေါ်ရောက်လာသော ရွှေရည်နှင့်ခွာညိုကို ကြည့်ကာ
YOU ARE READING
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓
Romance[U/Z] ဒီ ficသည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ ...
