Final🌺

16.4K 304 19
                                        

တိမ်ယံ ကိုယ်ဝန်ကိစ္စကြောင့် သူတို့တွေ အလှူပြီးရင် သုံးလေးရက်လောက်နေပြီးမှ ပြန်မယ် ဆိုတဲ့ အစီစဉ်ကပျက်သွားပြီး ချက်ချင်းထပြန်ဖို့ ပြင်ရသည်။ဘာကြောင့်လဲဆို ပထမကိုယ်ဝန်အပ်ထားတဲ့ ဆရာမကြီးကို သူတို့ဒီကိစ္စပြောလိုက်တော့ ဆရာမကြီးက တိမ်ယံကိုယ်ဝန်အခြေအနေကို ကြည့်လိုတယ်ဆိုတာကြောင့် သူတို့တွေ ရုတ်တရက် ထပြန်ရသည်။

ပစ္စည်းများကို သုံးဘီးပေါ်တင်နေချိန်တွင် အရီးလေးနှင့်ဝေဝေတို့က မျက်နှာမကောင်းစွာ ရပ်နေကြသည်။

တိမ်ယံ ဒီရွာလေးက ပြန်ရတော့မယ်ဆိုတော့ တကယ်စိတ်ထဲမကောင်းပါ။သူ အစ်မဝေဝေဆီသွားပြီ လက်လေးများကို ကိုင်လိုက်သည်။

"စိတ်မကောင်းမဖြစ်ပါနဲ့ အစ်မဝေရယ်...ဗိုက်ထဲက ကလေးကမွေးခါနီးကို။ပြီးတော့ နောက်နှစ်တွေ တိမ်ယံတို့ပြန်လာခဲ့ပါမယ်"

သူ့ထိုသို့ဆိုလိုက်တော့ ငိုချင်တဲ့ကလေး လက်တို့ဆိုသလို့ အစ်မဝေဝေက မျက်ရည်များ ကျကာ တိမ်ယံကိုဖက်လိုက်သည်။တိမ်ယံလည်း ဗိုက်လေးမထိအောင် ပြန်ဖက်လိုက်ကာ ကျောလေးကို ပုတ်ပေးလိုက်သည်။

"ဆက်ဆက်ပြန်လာခဲ့နော်။အစ်မမျှော်နေမယ် အဲ့ကျရင် တိမ်ယံဗိုက်ထဲက ကလေးလဲထွက်ပြီး အစ်မကလေးနဲ့အတူဆော့လို့ရတာပေါ့"

တိမ်ယံရင်ထဲမကောင်း တစ်လကျော်ကျော် နေခဲ့တာ အခုလိုမိသားစုဝင်တွေလိုမျိုးဖြစ်၍ မခွဲချင်တော့။သူသည့် ဝဲတက်လာသော မျက်ရည်များကို မျက်တောင်နဲ့ပုတ်ထုတ်လိုက်ကာ အစ်မဝေဝေကို လွတ်ပေးလိုက်သည်။

"အင်း ကျွန်တော်တို့ပြန်လာခဲ့ပါမယ်။အခုတော့ ဗိုက်ထဲက ကလေးကိုဂရုစိုက်လိုက်အုံးနော်"

ဝေဝေ မျက်ရည်များကို သုတ်ပြီးခေါင်းညိတ်လိုက်သည်။

ဒေါ်ခင်လှကြည်က မျက်ရည်များနှင့် အသံတိတ်ငိုနေလေ၏။တိမ်ယံ အရီးလေးဆီသွားက လက်လေကို ကိုင်လိုက်သည်။

"အရမ်းမငိုပါနဲ့ မောနေပါမယ်။"

"မငိုချင်ပါဘူး တိမ်ယံရယ်။ဒါပင်မယ် မျက်ရည်က ထိန်းမရဘူးကွယ်။"

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓Où les histoires vivent. Découvrez maintenant