ပွက် ပွက် ဆူနေသော အိုးထဲသို့ သူရိန်ထွန်းမောင်သည် အသားများ၊ပုဇွန်များနဲ့အရွက်တချို့ထည့်ကာ မွှေလိုက်အရင် ကျက်လောက်ပြီထင်တဲ့ အသားများကို သူ့ရှေ့ကတိမ်ယံခွက်လေးထဲသို့ ထည့်ပေးလိုက်သည်။
"စားလေးတိမ်ယံရဲ့ မောင်က မင်းစားချင်ဆိုလို ဟော့ပေါ့အစပ်လေ ဝယ်ကျွေးတာ "
မချိုမချဉ်ပြုံး၍ သူရှေ့က ဆူပုတ်ကာထိုင်နေတဲ့ သူချစ်ဇနီးလေးကိုပြောလိုက်သည်။
တိမ်ယံကတော့ မောင်ဆိုတဲ့စကားကြား၍ ချက်ချင်းတောင် အိုစာသွားချင်တယ်။တော်တော်ပါးစပ်အရသာတွေ့နေတာ
ကိုသူရိန်ထွန်းမောင်ကြီးက။
လူကိုမကြည့်သလိုကြည့်၍ သူ့ထည့်ပေးတဲ့အရာများကိုမထိတာတွေ့တော့
"စားလေ အသားတွေမကြိုက်လို့လား မောင်ပုဇွန်များများထပ်ထည့်ပေးမယ်လေ"
"တော်ပါတော့ တစ်မောင်,မောင်နဲ့ ဘာဖြစ်နေတာလဲ"
"မင်းဘဲ ကိုယ့်ကိုမောင်လို့ အရင်စခေါ်တာလေ... ဒါပင်မဲ့ အဲ့မောင်ဆိုတာကို မင်းနှုတ်ဖျားက ခေါ်တာကို ကိုယ်ပိုသဘောကျတယ်။ နောက်လဲ အဲ့လိုခေါ်နော်၊"
"ဘာလို့ခေါ်ရမှာလဲ အသံနဲ့တောင်ကြက်သီးထတယ်"
"ဒါမင်းဘက်ကစတဲ့ ဇာတ်လမ်းဘဲ။ မင်းမခေါ်လို့မရဘူး မောင်ဘက်ကမင်းခေါ်အောင်လုပ်နိုင်တဲ့ နည်းလမ်းတွေအများကြီးရှိတယ်...ဥပမာ မင်းဆိုင်မှာတုန်းကလို့ပေါ့"
ထိုစကားကိုကြားတော့ ဆိုင်ကအဖြစ်ပျက်ကို ပြန်မြင်ယောင်၍ တိမ်ယံနှုတ်ခမ်းအလယ်က ပိုပြီးစပ်လာသလိုတောင် ခံစားရသည်။
လွန်ခဲ့သော မိနစ်20ခန့်က
တိမ်ယံ အစ်ကို့ကို ဟော့ပေါ့စားချင်ဆိုပြီး ဖုန်းဆက်၍ မောင်လို့စနောက်ပြီး ချွဲသံနဲ့ပြောလိုက်မိတာကစတော့သည်။
အစ်ကိုဘက်ဖုန်းချသွားတော့ သူစလိုက်လို့ဖြစ်နေမဲ့ အစ်ကိုမျက်နှာကိုမြင်ယောင်၍ အူတက်အောင်ရယ်နေမိတော့သည်။
အစ်ကို့ကိုစနောက်၍ စားချင်တယ်လို့သာ ပြောမိတာ အခုတော့မစားချင်တော့ပေ။ အခုတစ်လော သူ့စိတ်တွေက အဲ့လို့အမျိုးမျိုးတွေဖြစ်နေတာ။
VOUS LISEZ
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓
Roman d'amour[U/Z] ဒီ ficသည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ ...
