သူရိန် ကြက်စွပ်ပြုတ်ရည်လေးကို ကိုင်ကာ အခန်းထဲဝင်လာပြီး ခုတင်ပေါ်တွင် နေမကောင်းလို့ အနည်းငယ်ဖြူပျော့နေသည့် တိမ်ယံဘေးဆီ သွားပြီးစွပ်ပြုတ်ပန်းကန်ကို ပေးလိုက်သည်။
တိမ်ယံသည် စွပ်ပြုတ်ပန်းကန်ထဲက အရည်ကိုအနည်းငယ်ခပ်၍ သောက်လိုက်တယ်။သူရိန်က တိမ်ယံ၏နဖူးနှင့်ပါးလေးကို လက်ဖြင့်စမ်းကာ ရှေ့သို့အနည်းငယ်ကျနေသော ဆံပင်တချို့ကို နားနောက်သို့ညှပ်ပေးလိုက်၏။
"ကိုယ်ငွေ့နည်းနည်းရှိသေးတယ်။ကိုယ်ခွံ့ပေးရမလား?"
ကြက်သာဖက်လေးကို ဝါးနေသည်တိမ်ယံသည် သူရိန်စကားကြောင့်ပြုံးကာ
"အလောက်လဲမလိုပါဘူး...ကျွန်တော် ဇွန်းတော့ကိုင်နိုင်ပါတယ်။"
သူ့စွပ်ပြုတ်ရည်ကိုခပ်ပြီး ကိုင်မြှောက်ပြလိုက်တယ်။
သူရိန်သက်ပြင်းသာချလိုက်တော့သည်။
သူ့အရိပ်အောက်ရောက်တည်းက တိမ်ယံတွင်အခုလို ဖျားနာချင်မျိုးမရှိပေ။ဟိုကိုသွားသည့် ပင်ပန်းမှုဒဏ်တချို့နှင့်စိတ်ဖိစီးမှုတို့ပေါင်းကာ လူနုံးပြီးမနက်ရောက်တော့ ကိုယ်နည်းနည်း ပူနွေးနွေးဖြစ်လာခဲ့သည်။
စားလိုသောက်လို့ပြီးသွားတဲ့ တိမ်ယံလက်ထဲက ပန်းကန်ကို ဘေးချထားလိုက်၏။အနည်းငယ်ပူနွေးနေသော တိမ်ယံလက်ကို ဆုပ်ကိုင်ကာ
"ကိုယ်ဒီနေ့အလုပ် မသွားတော့ဘူး"
တိမ်ယံသည် ခဏသူရိန်ကိုစိုက်ကြည့်၍ သက်ပြင်းလေးချ၍ သူရိန်လက်အပေါ်ကို ရှည်သွယ်ချောအိနေသည် သူ့၏လက်ဖြင့် အုပ်ကိုင်လိုက်၏။
"ကျွန်တော် တကယ်ဘာမှမဖြစ်ပါဘူး။အလုပ်ပျက်ဖို့လောက်အထိ ကျွန်တော်ဖျားတာမှမဟုတ်တာ။ပြီးတော့ ကျွန်တော်ကြားတယ် ဒီနေ့ အစ်ကိုနဲ့ကိုဥက္ကာဦးတို့ ဆောက်လုပ်ရေးနေရာကိုသွားကြည့်ရမယ်ဆိုတာ အခုနအစ်ကိုဖုန်းပြောနေတုန်း ကျွန်တော်ကြားလိုက်တာ"
"အဲ့ကိစ္စက မင်းလောက်အရေးမကြီးဘူး"
နှစ်ယောက်သား ဘာစကားမှမပြောပဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေမိ၏။
VOUS LISEZ
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓
Roman d'amour[U/Z] ဒီ ficသည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ ...
