သူရိန်ထွန်းမောင် အလုပ်စားပွဲထိပ်မှာရှိသော် နာရီကို တစ်ကြည့်ကြည့်လုပ်နေမိသည်။ဒီနေ့မှ အလုပ်ချိန်တွေက နှေးတယ်လို သူဘာလို့ခံစားနေမိပါလိမ့်။
4နာရီခွဲ ဒေါင်ဆိုတာနှင့် သူရိန်ထွန်းမောင် တစ်ယောက် တက်ကြွတဲ့ကြက်ဖ ဖြစ်လို့နေကာ စားပွဲကသူပစ္စည်းများကို အမြန်သိမ်းဆဲပြီး အိမ်ပြန်ဖို့အလွန်အလွန်တက်ကြွနေတယ်။
သူရုံးခန်းတံခါးဖွင့်ပြီး အပြင်ထွက်လာတော့ ဝင်ပေါက်ရှေ့က စားပွဲမှာ အလုပ်ကြောင်း ဆွေးနွေးနေတဲ့ ဥက္ကာဦးနှင့်ဇွဲသူက သူကိုမြင်ကာ ကြောင်သွားပြီး...မင်းခကိုတော့ မတွေ့ ဆိုက်ထဲသွားဟန်တူသည်။
ဇွဲသူ သူရိန်ကိုကြည့်ကာ
"အပြင်သွားမို့လား သူရိန်"
"No, အိမ်ပြန်တော့မလို့"
ဥက္ကာဦးက သူရိန်ကိုအံ့ဩစွာဖြင့်
"ဖာ့ခ်! သားကြီး မင်းအချိန်မှားလာတာလား? မင်းဒီအချိန်ဘယ်တုန်းက အလုပ်ဆင်းဘူးလို့လဲ"
"ဟုတ်ပါကွာ အလုပ်သရဲသူရိန်က 6နာရီထိုးမှ အလုပ်ဆင်းနေကြကို"
ဇွဲသူကပါ ထောက်ခံလိုက်သည်။
"ငါဘာသာငါ ဘယ်အချိန်ဆင်းဆင်းမင်းတို့အကြောင်းလား မင်တို့တောင်စောစောအမြဲဆင်းသေးတာ။ငါကမဆင်းရဘူးလား ဆင်းတော့ဘာဖြစ်လဲကွာ မင်းတို့နဲ့စကားပြောတာ လေကုန်တယ် သွားပြီ"
"ဟားးးဟားး ဟားး မင်းရိုးမှာရိုးသေးရဲ့လား ငါကောင်ကြီးသူရိန်ရေ!....ဟားးဟားး"
ဥက္ကာဦးပြောတော့ ဇွဲသူကပါ အော်ရယ်ပြီး
"လူပျိုးကြီး သူရိန်မရိုးတော့ဘူး ဟေ့...ဟေ့ကောင် ငါတို့ မရီးနဲ့တွေ့နေရင်လည်း မိတ်ဆက်ပေးအုံးနော် လျှိုမထားနဲ့ လိုက်နေတုန်းဆိုရင်လည်း အကူအညီလိုရင် ငါတို့ကိုပြောနော်။ ဝိုင်းအကြံပေးမယ် ပြတ်ဖို့ကို ဟားးးဟားးးဟားး"
"ဟားးးးဟားးးဟားး ဟုတ်တယ်"
သူကို ဝိုင်းလှောင်ပြီး အူတက်အောင်ရယ်နေသည် နှစ်ကောင်ကို ဝန်ထမ်းတချို့ရှိလည်း ဂရုမစိုက်ဘဲ လက်ခလယ်ကိုနှစ်ဖက်ထောင်ပြပြီး ဆဲလိုက်တော့သည်။
ESTÁS LEYENDO
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓
Romance[U/Z] ဒီ ficသည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ ...
