[ဒီလို (...)လေးတွေ ခတ်ထားတဲ့ နေရာကို အင်္ဂလိပ်လို့ ပြောတယ်လိုမှတ်ပေးကြပါနော်။]
.....
ခန့်ထည်ဝါသည် သူညီမလေးနှင့် အလွမ်းသယ်ပြီးခါမှ ဘေးကဇွဲသူကို သတိထားမိပြီး
"အဟမ့်! ဟဲလို ညီလေးဇွဲသူ..."
သူအမည်ခေါ်သံကြားမှ ဇွဲသူကြောင်နေရက ပြာပြာသလဲ ထနှုတ်ဆက်သည်။
"မင်္ဂလာပါ...အစ်ကိုကြီးခန့်ထည်ဝါ"
"အမည်ကြီးထည့်ခေါ်တာ စိမ်းတာပေါ့ ကိုယ်ကို ကိုခန့်လိုပဲခေါ်ပါ။"
"ဟုတ်ကဲ့"
အခုမှ ယောက်ဖဖြစ်သူနဲ့စတွေ့တာမို့ ဇွဲသူမှာ တကယ်လူရိုးကြီးပုံစံဖြစ်လို့နေသည်။
ယောက်ဖဖြစ်သူမှာ သူထပ်အသက်ကြီးသော်လည်း ငယ်ရွယ်ကာဆယ်ကျော်သက်လေးတွေလို့ နုပျိုလန်းဆန်းလို့နေသည်။ ယောက်ဖနောက်က လူကို ကြည့်မိတော့ မက်(စ်)တပ်ထားသောကြောင့် ထိုလူရုပ်ရည်က ဘယ်လို့ဆိုမသိပင်မယ့် ဖြောင့်တန်းသောမျက်ခုံး၊ထက်မြတ်စူးရှသောမျက်လုံးများကိုကြည့်ခြင်းဖြင့် ဒီလူက အမှန်ခန့်ချောကြီးဖြစ်မယ်ဆို သူစိတ်ကသိနေ၏။
ရုပ်ရည်ကို အကဲဖြတ်နေသော သူဘက်သို့ ထိုလူရဲ့စူးရဲသော အကြည့်များနှင့် ရင်ဆိုင်လိုက်ရတဲ့ ဇွဲသူက ကျောစိမ့်သလိုတောင် ခံစားသွားကာ အမြန်အကြည့်လွှဲလိုက်၏။
"ဇွဲသူက ပုံထဲမှထပ် အပြင်မှာ ပိုပြီးကြည့်ကောင်းသာ ကိုယ်ညီမလေးက ဆိုးတယ်မှတ်လာ ဇွဲသူ"
"ဗျာ!! အဲ...အဲ့လောက်မဆိုးပါဘူး ဖြူလေးက လိမ္မာပါတယ် ကိုခန့်"
သူကိုချီးကျူးတော့ သူလဲ ရှက်ကာ စကားများပင် ထစ်ကုန်တယ်။
"ဟာ! ကိုကြီးခန့် ညီမလေးက အလိမ္မာလေးပါနော်"
"ဟား ဟုတ်ပါပြီ ကွာ"
ထိုနောက် ခန့်ထည်ဝါသည်သူနောက်က ရပ်နေသူကို မြင်ရအောင် သူကဘေးကပ်ကာ
"ဇွဲသူ၊ဖြူလေး ဒါအစ်ကိုသူဌေး 'မစ္စတာနိုလန်'..."
သူညီမတို့ကို မြန်မာလို့မိတ်ဆက်ပေးကာ နိုလန် ကိုတော့ အင်္ဂလိပ်လို့ မိတ်ဆက်လိုက်ပေးသည်။
ESTÁS LEYENDO
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓
Romance[U/Z] ဒီ ficသည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ ...
