Part [22]🌺

7.9K 256 5
                                        


သူရိန်ထွန်းမောင်ရဲ့ မျက်နှာဖြတ်ရိုက်သလိုစကားများကို လစ်လျူရှုလိုက်ကာ

"မတွေ့တာကြာတော့ ကိုသူရိန်က စတက်နောက်တက်လာတယ်နော်။ ဒါနဲ့ဘယ်ကိုလာတာလဲ? ဈေးဝယ်ထွက်လာကြတာလား? 'ထား'က ဒီကိုအလုပ်ကိစ္စနဲ့ရောက်လာတာ
ကိုသူရိန်နဲ့တွေ့မယ်လို့ မထင်ထားဘူး တိုက်ဆိုင်လိုက်တာနော်"

ဘေးက ဥက္ကာဦးကတော့ နှာခေါင်းရှုံ့၍

ငါကိုမမြင်ဘဲ သူရိန်ကိုပဲကွက်ပြီး စကားတွေပြောနေရအောင် ငါက အခု မတ်တပ်ကြီး သေနေလို့လား!

သူရိန်ထွန်းမောင်ကတော့ မျက်ခုံးတစ်ဖက်ပင့်ပြီး သူရှေ့က သူ(မ)ဘာသာမေး၊သူ(မ)ဘာသာဖြေနေသော ထိုအမျိုးသမီးကို သူပြောလိုက်တဲ့ စကား‌ကိုနားမလည်တာဘဲလား။မျက်နှာပြောင်တိုက်တာဘဲလာဆိုတာကို စဉ်းစားဖို့တောင် ပျင်းလွန်းလို့ လှည့်ထွက်သွားဖို့သာပြင်လိုက်သည်။

ထိုအရာကိုမြင်လိုက်တဲ့ ဥက္ကာဦးက စကားတွေအရမ်းဖောသီအောင်ပြောနေတဲ့ ခင်ထားကိုကြည့်ပြီး ပြောလိုက်သည်

"အလုပ်လေးရှိလို့ သွားလိုက်ပါအုံးမယ်
'မခင်ထား' သူရိန်မိန်းမကလဲ ကိုယ်ဝန်နဲ့ဆိုတော့ အလုပ်ပြီးတာနဲ့ ပြေးဂရုစိုက်နေတော့ သူကအလုပ်များနေတာ၊ ကလေးမွေးလို့ ရက်၁၀၀ပြည့်ရင် ဖိတ်လိုက်မယ်သိလား"

ဥက္ကာဦး ခက်တည်တည်နဲ့ပြောလိုက်ပြီး ထွက်သွားတဲ့ သူရိန်နောက်ကို အမီလိုက်သွားသည်။

မှတ်ထား ငါ့ကိုသည်လို့ လာကျော့လို့ရရောလား ဟင်၊

နှစ်ယောက်လာတာမြင်ရဲ့သားနဲ့ သူရိန်ကြီးပဲ စကားပြောနှုတ်ဆက်နေတာ ဘာသဘောလဲ?
အရေးပေးခံချင်လွန်းလို့ မဟုတ်ပါဘူး။

ကိုယ့်ကိုစော်ကားသလို ခံစားလိုက်ရလို့။

ထိုခင်ထားဆိုတဲ့ အမျိုးသမီးမျက်လုံးတွေက
သူရိန်ကို တပ်မက်သလိုတွေကြည့်နေတာတွေ့တော့ အမြင်ကပ်လွန်းလို့ သူရိန်မှာအိမ်ထောင်ရှိတယ်ဆိုတာကို ထည့်ပြောပစ်လိုက်တာ။ ဒါမှ သူ့ကို လေ လို့သဘောထားတဲ့ သူ(မ) ထိချက်ပြင်းသွားမှာလေ။

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓Où les histoires vivent. Découvrez maintenant