Part [14]🌺

9.3K 281 12
                                        

ဆေးရုံကြီးဆီသို့ အရေးကြီးသုပ်ပြာနဲ့ ပြေးဝင်လာသော အမျိုးသမီးသည်။ သူမရဲ့သိက္ခာတွေဘေးဖယ်ပြီး မျက်နှာပျက်ယွင်းစွာနဲ့ ရောက်ချလာသည်။

ဒေဝီသီရီသည် ဒီနေ့သူမ၏ သူငယ်ချင်းမရဲ့ အိမ်တွင် ဝိုင်းထိုး၍ အချီကြီးပုံအောထိုးနေမိသည်။ ဒီလအတွင် သူမတို့မိသားစုလုပ်ငန်းများပြန်လည်အဆင်ပြေလည်ပတ်ကာ ဝင်ငွေများလဲ ဝင်လာမဆဲတစ်သဲသဲဖြစ်လာ၏။

ထိုကြောင့် သူမတို့မိသားစုကို ဓားကြိမ်းကြိမ်းထားသော ဦးမင်းသူ ဆိုသောလူကိုလဲ ဂရုစိုက်စရာမလို့သလို ငွေလဲမျက်နှာပြောင်စွာသွားယူ ချေငှားစမလို့အပ်တော့ပေ။

သူ(မ)ယောင်္ကျား လုပ်ငန်းများပြန်ဦးမော့လာတော့ သူ(မ)လဲ ပြန်ပြီးဦးမော့ကျော့ကော့စွာ အထပ်တန်းလွှာထဲ လက်ပြန်ဖွာလာကာ ရင်ကျော့စွာနေထိုင်ရပြန်သည်။

ပြီးတော့ သူမတို့ကို ဓားကြိမ်းကြိမ်းထားသော ဦးမင်းသူကိုလဲ တိမ်ယံဆိုတဲ့ အကောင်ကိုပြန်တွေ့မှ တင်တောင်းငွေဆိုပြီး အချီကြီးတောင်းဖို့တောင် စဉ်းစားထားလိုက်တယ်။

ဟုတ်တယ်လေ။ ဒင်းကသေမလောက်လိုချင်နေတဲ့ သူပဲ သူ(မ)တို့ဘက်က တောင်းသလောက်တော့ပေးသင့်တယ်လို့ထင်တယ်။

ဟိုအကောင်ကိုပြန်တွေ့မှ သူ(မ)တို့မိသားစုကို‌ခြိမ်းခြောက်ထားသော ထိုလူကိုလဲ ပြန်လည်ချေမိုးပြအုံးမယ်လို့ သူ(မ)ရင်ထဲတေးထားလိုက်၏။

အခုတော့ သူ(မ)ထိုးထားတဲ့ငွေတွေ အရှုံးနဲ့ကြုံနေ၍ စိတ်တိုကာ ထပ်လောင်းနေမိခိုက်

သူ(မ)ဘေးဖုန်းက ထပ်ခါထပ်ခါမြည်နေသောကြောင့် စိတ်ရှုပ်ကာ ယူကြည့်မိတော့ သူ(မ)သမီး 'ယမင်းရွှေလွှာ'လေးဖြစ်နေတော့ မဖြေချင်လို့လဲ မရပေ။ သူ(မ)သမီးလေးက သူ(မ)မျှော်လင့်ချက်နဲ့ရည်ရွယ်ချက်ဖြစ်ကာ မွေးထဲက သားနဲ့အမြွှာဆိုပင်မဲ့ သူ(မ)က သမီးကို ရွှေလိုဥပြီးအမြင့်ဆုံးမှာထားအလိုလိုက်အကြိုက်ဆောင်ထားသူဖြစ်သည်။

သူ(မ) ဖုန်းကိုင်ပြီး ချိုသာစွာဖြေလိုက်တော့ ဖုန်းခေါ်သူက သူ(မ) သမီးမဟုတ်ဘဲ။ သမီးရဲ့သူငယ်ချင်းကောင်မလေးဖြစ်ကာ သမီးက ဆေးရုံရောက်နေတာကို အကြောင်းလှမ်းကြားတာဖြစ်တယ်လို့ ပြောတော့

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓Место, где живут истории. Откройте их для себя