Part [38]🌺

7.1K 233 4
                                        

"ခဏဆိုအိမ်ပြန်နော်.."

"သိပါတယ်ဆို"

တိမ်ယံသည် မှန်ရှေ့တွင်ထိုင်ကာ သူဆံပင်အရှည်ကြီးများကို သေချာဖြီးနေရင်းမှ သူ၏အနောက်တွင်ရပ်၍ အင်္ကျီဝတ်နေသော အစ်ကို့ကို ပြန်ဖြေလိုက်သည်။

ဒီနေ့ဆိုင်ခဏသွားကြည့်မှာမို့ အလုပ်သွားရန်ပြင်နေသော အစ်ကိုကသူလိုက်ပို့မယ်ဟုဆိုကာ ဆိုင်တွင်ကြာကြာမနေရန်လည်း တသွပ်သွပ်ပြောနေ၏။

အင်္ကျီအကုန်ဝတ်ဆင်ပြီးသောသူရိန်က တိမ်ယံလက်ထဲက ဘီးကိုယူ၍ တိမ်ယံဆံပင်များကို သေချာဖြီးပေးနေသည်။

"ဆံပင်က အရမ်းရှည်နေလား?"

သူရိန်က ဖြီးရင်းတန်းဖြေလိုက်သည်။

"လက်တံတောင်လောက် ပိုရှည်လားတယ်။"

တိမ်ယံ မှန်ထဲကနေ သူရိန်ကိုကြည့်၍

"အတိကျ သိလှကြီးလာ..."

သူရိန်ကပြုံးပြီး ခါးကိုကိုင်းလိုက်ကာ သူလက်တစ်ဖက်ဖြင့် တိမ်ယံခေါင်းကို ဘေးသို့ဆွဲလှည့်ပြီး လှပသောနှုတ်ခမ်းတစ်စုံကို နမ်းလိုက်သည်။

တိမ်ယံ၏ အောက်နှုတ်ခမ်းလေးကို ငုံ့ထွေးထားပြီး လျှာဖျားလေးဖြင့် ပါးစပ်ထဲကနေ ထိတွေ့ကစားနေသည်။ သူကစားလို့ဝသွားမှ တိမ်ယံနှုတ်ခမ်းလေးကို လွှတ်ပေးသည်။

ဘေးတစ်စောင်အနေဖြင့်သာ တိမ်ယံကိုကြည့်၍ သူနမ်းလို့ ဖူးသွားသော အောက်နှုတ်ခမ်းလေးကို စိုက်ကြည့်ရင်းနှင့်

"မင်းယောင်္ကျားက မင်းခန္ဓာကိုယ်အပြောင်းလဲကပါစ ဘယ်နေရာကဘယ်လိုဆိုတာပါ သိတယ်။ လူတစ်ယောက်က ချစ်မိပြီဆိုရင် အသေးအဖွဲ့လေးကပါစ လိုက်ကြည့်တက်တာမျိုး"

ကလေးတစ်ယောက်ရတာတောင် အစ်ကိုစကားတွေက သူကိုဆယ်ကျော်သက်လေးတွေ ရည်းစားစထားသလို ရှက်ပြီး ရန်ခုန်လှိုင်ဖိုနေမိတုန်း။

ပါးလေးတွေ အနည်းငယ်လေးနီလာသော တိမ်ယံကိုကြည့်ကာ သူရိန်‌ပြုံး၍

"ပြီးတော့ မင်းရင်သားလေးတွေက ပိုလုံးပြီး လှလာတယ်"

နောက်ထပ်ရှက်စဖွယ် စကားကြောင့် အနည်းငယ်နီနေသော ပါးနှစ်ဖက်မှာ ရဲတက်လာပြီး ရှက်ဒေါသထွက်၍ သူရိန်ရင်ဘတ်ကို တိမ်ယံလှမ်းရိုက်သည်။

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓Où les histoires vivent. Découvrez maintenant