Part [36]🌺

6.9K 233 1
                                        

သားလေးမွေးသည့် သတင်းကြားကာ ရွာမှာရှိသည့် အဒေါ်ဖြစ်သူ ဒေါ်ခင်လှကြည့်သည် ချက်ချင်း မြို့သို့ရောက်ချလာသည်။

သူရိန်တို့အိမ်တွင်ရှိ ဧည့်ခန်းတွင် အဒေါ်ဖြစ်သူ ဒေါ်ခင်လှကြည့်သည် လက်ထဲ၌ ကလေးကိုပွေ့ကာ ရှေ့တွင်ထိုင်နေသော သူရိန်နှင့်တိမ်ယံကိုကြည့်ကာ

"ကဲ မင်းတို့ဘယ်လိုဖြစ်လို ကလေးကရေမွှာ ပေါက်သွားရတာတုန်း ငါမှာဖြင့်ဟယ်! မင်းတို့အမေဖုန်းဆက်တုန်းက မထိတ်သာမလန့်သာရှိသွားတာပဲ။ရွာကအလုပ်တန်းလန်းကိုပစ်ထားခဲ့ရတယ်။"

"ဒါဆို အခုအလုပ်တွေက ဘယ်သူနဲ့ထားခဲ့တာလဲ?"

ဘေးက ထိုင်နေသော ဒေါ်ရွှေခင်က သူ(မ)ယောင်မဖြစ်သူကိုမေးလိုက်၏။

"ဘယ်သူရှိအုန်းမှာလဲ....မြတ်ကျော်နဲ့ထားခဲ့ရတာပေါ့။တကယ်တော့လဲ ငါကစီမံပေးယုံပါ။ ကျန်တာက သူပဲအကုန်လုပ်ရတာ... အခုက စပါးရိတ်သိမ်းထားတဲ့လယ်ကို ပျိုးထပ်စိုက်ဖို့ ပြင်နေတာ အဲ့တာလည်းသူ့အပ်ပြီး ငါဒီအမြန်လာရတာပေါ့"

မြတ်ကျော်ဆိုသည့်မှာ သူရိန့်အဖေတို့ဘက်က အမျိုးဝေးသောဆွေမျိုးကမွေးထားသည် ကလေးဖြစ်ကာ ငယ်စဉ်ထဲကမိဘနှစ်ပါးလုံးဆုံးပါသွားသောကြောင့် ဒေါ်ခင်လှကြည့်က အမည်ခံမွေးစားထားသော မွေးစားသားပင်ဖြစ်ပြီး သူရိန့်ထပ် ၃နှစ်ကြီးသော အကိုတော်စပ်သူဖြစ်၏။

"ဒါနဲ့ မြတ်သူမိန်းမက ဗိုက်ကြီးနေတာ မွေးပြီလား?"

အမေကထပ်မေးတော့ အရီးလေးက ကလေးနေရာပြောင်းပွေ့ကာ ပြန်ဖြေသည်

"အင်း!မွေးပြီး...အခုမှ ၂လလောက်ပဲရှိသေးတာ။ဖိုးသားလေးက နင့်မြေးနဲ့လပဲကွာတယ်။ ငါလည်းအလုပ်မအားတာနဲ့ နင့်ကိုဖုန်းဆက်မပြောဖြစ်တာ ဖိုးသားက သူအဖေမြတ်ကျော်လိုပဲ မဲပြီးလုံးလုံးလေး"

‌အရီးလေးကပြောပြီး ရယ်လိုက်တာကြောင့် အမေနှင့်သူတို့ပါလိုက်ရယ်မိသည်။

"ဒါနဲ့နေပါအုံး ငါ့မေးတာဖြေကြအုံး။ တစ်ခုခုဖြစ်လို ကလေးကစောမွေးတာလား ရောဂါဘာညာစစ်ပြီးပြီလား?"

သူ(မ)စကားဆုံးသည်နှင့် ကျန်သုံးယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ဒေါ်ရွှေခင်က

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓Where stories live. Discover now