Part [54]🌺

6K 226 4
                                        

"ကိုယ်က မင်းသဘောပါ"

တိမ်ယံသည် ခုတင်ပေါ်က အိပ်နေသည် ကလေးကိုကြည့်ကာ အစ်ကိုစကားကြောင့် အစ်ကိုဘက်လှည့်၍

"ကလေးတစ်ယောက် မွေးစားတယ်ဆိုတာ ကျွန်တော့် သဘောတစ်ခုတည်းနဲ့မရဘူးလေ။ မိသားစုအားလုံးရဲ့ သဘောတူကြည်ဖြူမှုလည်း လိုအပ်တယ်"

"ကိုယ် သိပါတယ်"

သူ့ တိမ်ယံလက်ကလေးကို ဆုပ်ကိုင်ရင်း

"မင်း တန်းဖိုးထားတဲ့သူမှန်သမျှကို ကိုယ်တန်ဖိုးထားတယ်။မင်း ချစ်တဲ့သူကိုလည်း ကိုယ်မြတ်နိုးပေးမယ်။ ဒီကလေးဘဝကလည်း ကိုယ်တို့နဲ့ကံဆက်လို သူအချိန်အခါမို့ရောက်လာပြီး တွေ့ရပဲ။ကိုယ် လက်ခံပါတယ်။သွေးရင်းသားရင်း မဟုတ်ပင်မယ် မွေးစားမယ်လို ဆုံးဖြတ်ချက်ချလိုက်တည်းက ကိုယ်သူကို ကိုယ်သားရင်းတစ်ယောက်လို ကြည်ဖြူစွာ ချစ်ခင်ပေးမယ်"

တိမ်ယံ ပြုံးကာ အစ်ကိုရင်ခွင်ထဲပြေးဝင်လိုက်သည်။

"ဘဝမှာ ကံအကောင်းဆုံးအဖြစ် ရရှိလိုက်တာကို ပြပါဆိုရင်။နှစ်ခါစဉ်စားစရာမလိုပဲ အစ်ကို့ကို လက်ညိုးထိုပြမိမှာ။"

သူရိန်သည် တိမ်ယံကျောလေးကို ပွတ်ပေးရင်း ပြုံးလိုက်ကာ

"ဒါပေါ့ ကိုယ်ဘဝရဲ့ကံကောင်းပြီးရောက်လာတဲ့ လူသားလေးကလည်းမင်းပဲလေ။"

"အစ်ကို"

"အင်း"

"ချစ်တယ်"

"ဟက်! ထပ်တူ နှစ်ဆ မင်းကိုပိုချစ်တယ်"

တိမ်ယံ သူရိန်ရင်ခွင်ထဲက ထွက်ကာ

"အမေတို့ကို ဘယ်လိုပြောမလဲ?"

သူရိန် တိမ်ယံဆံပင်လေးများကို နားနောက်ညှပ်ကာ ပြောလိုက်သည်။

"ကိုယ်ရှင်းပြလိုက်မယ် မင်းစိတ်ပူစရာမလိုဘူးနော်"

"အင်း"

"ဒါပင်မယ် ပြဿနာတစ်ခုကတော့ရှိတယ်"

တိမ်ယံ လန့်သွားကို အစ်ကိုကြည့်၍

"ဘာပြဿနာလဲ?"

"ကလေးရဲ့ အမည်ခံ အမေဆိုတဲ့ အမျိုးသမီး"

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓Où les histoires vivent. Découvrez maintenant