Part [24]🌺

7.8K 259 7
                                        

သူရိန်သည် ခြင်းတောင်းအလေးကြီးကိုင်ကာလျှောက်လာသော ဖြူငြိမ်းကိုကျော်၍ တိမ်ယံဆီသို့ သွက်သွက်လေးသွားလိုက်သည်။

တိမ်ယံအနားရောက်တော့ လက်ကလေးလှမ်းကိုင်လိုက်ကာ

"ဘာလိုရောက်လာတာလဲ?...မင်းလေးက တစ်ယောက်တည်းမဟုတ်တော့တာကို။"

တိမ်ယံပြုံးလိုက်ပြီး

"ဖြူ‌လေးတို့နဲ့လိုက်လာတာ မနက်ကအစ်ကိုမနက်စာမစားသွားဘူးလေ...ပြီးတော့အမေကလည်း သက်သာသွားပြီးဆိုတော့ အချိန်ပိုနေတာနဲ့ အစ်ကိုအတွက်နေ့လည်စားလေးလုပ်ပြီး လာပို့ပေးတာ။"

" နောက်ဆို သက်သောင့်သက်သာပဲနေပါ ကွာ...မင်း မသက်မသာဖြစ်ရင်ကိုယ်စိတ်မကောင်းဖြစ်လိုပါ။"

အများရှေ့တွင် အစ်ကိုရဲ့နူးနူးညံ့ညံ့လေး ပြောလာတော့ တိမ်ယံရှက်သွားကာ ပါးလေးတွေအနည်းငယ်နီလို့သွားသည်။

ဒီလို နှစ်ယောက်တည်းရှိနေသလို ချစ်စကားများအပြည့် ဘေးကနေကြားလိုက်တော့ ကြယ်စင်တစ်ယောက် မနည်နိုင်တော့ပဲ

"ကိုသူရိန်ကြီရေ နေ့ခင်းစားလေ လာပို့ပေးတာနော်။ မသိရင်စစ်သွားတိုက်တဲ့ စစ်သားကို လာတွေ့တာကြနေတာပဲ ပြီးတော့ဟိုကလှမ်းလျှောက်ပြီးရောက်လာတာမဟုတ်ဘူး၊ ကားစီးပြီး ဘေးကကျွန်မတို့က ‌ဖူးဖူးမှုတ်ပြီးတော့တောင် ဒီအထိဘာထိခိုက်မူမှာမပါပဲ ခေါ်လာခဲ့တာပါ။ ဘေးက ကျွန်တော်မျိုးမကိုလဲ အားနာပြီး လူမရှိချိန်သွား 'ရို'ကြပါ မခံစားနိုလို့ပါ။"

ဥက္ကာဦးက မျက်နှာရှုံ့၍

"ငါ့တို့မပြောတော့ဘူး နင့်ပဲပြောပြလိုက်တော့ ဒင်းကိုက အပိုလွန်နေတာ"

အားလုံးရဲ့ပြုံးတုံးတုံးလုပ်ကာ ပြောလာတော့ တိမ်ယံမှာ ပိုတောင်ရှက်သွားသည်

သူရိန်က တိမ်ယံကိုသူဘက်သို့ ဖြေးဖြေးလေးဆွဲလိုက်ပြီး

"ဖခင်တစ်ယောက်ဖြစ်တော့မယ့် ခံစားချက်ကို မင်းတို့လို့ နတ်ဆင်းချွတ်တောင် မချွတ်မဲ့ သူတွေက ဘယ်သိမလဲ။"

မင်းခဒေါသထွက်ကာ

"ဖြစ်ရတယ် ခွေးသားက သောက်ကြီးသောက်ကျယ်နဲ့"

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 «BL Completed»✓Où les histoires vivent. Découvrez maintenant